ရန်ကုန်လေဆိပ် အဆင့်မြှင့်တင်မည်

၂ဝ၁၈ နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည့် ငါးသန်းမြောက်ခရီးသည်ကို အမှတ်တရဆုများ ချီးမြှင့်စဉ်။ (Photo: yangonairport/facebook)
ရန်ကုန်နိုင်ငံတကာလေဆိပ်ကို နိုင်ငံတကာ လေကြောင်းသွားလာရေးနဲ့ကိုက်ညီအောင် ထပ်ပြီး အဆင့်မြှင့်မယ်လို့ ရန်ကုန်လေဆိပ်ဝန်ဆောင်မှု ကုမ္ပဏီ (Yangon Aerodrome Company Limited) က နိုဝင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်လေဆိပ်ရဲ့ နိုင်ငံတကာ လေကြောင်းလမ်းကွန်ရက် တိုးတက်ဖို့အတွက် ဈေးကွက် မြှင့်တင်နေတာ လို့လည်း ပြောပါတယ်။ လက်ရှိ၂ဝ၁၈ ခုနှစ်ဟာ ငါးနှစ်အတွင်း ခရီးသည်လာရောက်မှု အနှေးကွေးဆုံးပဲလို့ လေဆိပ်ကဝန်ခံပေမဲ့ YACL က ခုလို ကြေညာတာလည်း ဖြစ်ပါတယ်။

၂ဝ၁၈ ခုနှစ်အတွင်း ခရီးသည် ၆ သန်းလောက်အထိ ဝန်ဆောင်မှုပေးဖို့ လေဆိပ်က လျာထားပေမယ့် ရန်ကုန် နိုင်ငံတကာလေဆိပ်ကို ရောက်ရှိလာတဲ့ ခရီးသည်အရေအတွက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ ငါးသန်းအထိသာ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ငါးနှစ်ကျော်အတွင်း မြန်မာနိုင်ငံက နိုင်ငံတကာအဆင့်မီလေဆိပ် သုံးခုထဲမှာ ရန်ကုန်လေဆိပ်ကို ရောက်လာတဲ့ လေကြောင်းခရီးသည် တနှစ်ကို ပျမ်းမျှ ၈.၆ ရာခိုင်နှုန်း တိုးများလာတယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ရန်ကုန်လေဆိပ် အဆင့်မြှင့်တင်မည်  ရန်ကုန်လေဆိပ် အဆင့်မြှင့်တင်မည် Reviewed by THITHTOOLWIN on 22:57 Rating: 5
Powered by Blogger.