၂၀၂၀ ပြည့်နှစ် ကမ္ဘောဒီးယားမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်သုံးစွဲမှု တိုးချဲ့မည်

(ကမ္ဘောဒီးယား နိုင်ငံ Phnom Penh မြို့ကို တွေ့ရစဉ်)
ကမ္ဘောဒီးယားနိုင်ငံမှာ လာမယ့် ၂၀၂၀ ပြည့်နှစ်ကျရင် တစ်နိုင်ငံလုံး လျှပ်စစ်စွမ်းအင် သုံးစွဲနိုင်ရေးအတွက် ရေအားနဲ့ ကျောက်မီးသွေး နှစ်မျိုးလုံးသုံးစွဲမှာဖြစ်ပြီး၊ နေစွမ်းအင်ကိုတော့ ဝေးလံခေါင်ဖျားတဲ့ နေရာတချို့မှာ သုံးစွဲမယ်လို့ စွမ်းအင်ဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောပါတယ်။

ကမ္ဘောဒီးယားမှာ ၂၀၀၀ ပြည့်နှစ်က လူဦးရေ ၁၆ ရာနှုန်းသာ လျှပ်စစ်သုံးစွဲနိုင်ခဲ့တာဖြစ်ပြီး၊ အဲဒီကတည်းက လျှပ်စစ်ကဏ္ဍကို မြန်မြန်ဆန်ဆန်တိုးချဲ့လာခဲ့တာပါ။ အခုဆိုရင် ကျေးရွာအားလုံးရဲ့ ၈၇ ရာနှုန်း၊ အိမ်ထောင်စု တိုင်းရဲ့ ၇၃ ရာနှုန်းကို မဟာဓာတ်အားလိုင်းနဲ့ ချိတ်ဆက်နိုင်ခဲ့ပြီလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ရေအားကနေ ဓာတ်အား ၄၀ ရာနှုန်း၊ ကျောက်မီးသွေးကနေ ၃၆ ရာနှုန်း ထုတ်ယူမှာဖြစ်ပြီး ဓာတ်အားပေးစက်ရုံတွေလည်း ပိုမိုတည်ဆောက်သွားမယ်လို့လည်း ဖော်ပြပါတယ်။

ဒါပေမဲ့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ သဘာာဝစွမ်းအင်ကနေ ပိုပြီးသန့်ရှင်းတဲ့ ဓာတ်အားထုတ်ယူမယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
၂၀၂၀ ပြည့်နှစ် ကမ္ဘောဒီးယားမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်သုံးစွဲမှု တိုးချဲ့မည် ၂၀၂၀ ပြည့်နှစ် ကမ္ဘောဒီးယားမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်သုံးစွဲမှု တိုးချဲ့မည် Reviewed by THITHTOOLWIN on 12:19 Rating: 5
Powered by Blogger.