ပေါက်တောမြို့တွင် ဓာတ်ဆီဆိုင် မီးလောင်မှု ငြိမ်းသတ်နိုင်ပြီဟုဆို

(ဓာတ်ပုံ- ဖေ့စ်ဘုတ်)

နိရဉ္စရာ၊ နိုဝင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ အပြင်ဘက် ရွာချောင်းကြီးသွားလမ်းရှိ ဦးသန်းမောင်ကြီး၏သားဖြစ်သူ ဓာတ်ဆီဆိုင်တွင် ယနေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်က စတင် မီးလောင် မှုဖြစ်ပွားခဲ့သည်။

ယင်းသို့ မီးလောင်မှုကို ပေါက်တောမြို့ မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား၊ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့သူမြို့သားများက ၀ိုင်းဝန်း မီးငြိမ်းသတ်နေသည်ဟု သိရသည်။

“မီးအခြေအနေက မီးညွန့်တော့ ကျိုးသွားပါပြီ။ မီးကို ဆက်လက်ငြိမ်းသတ်နေကြပါတယ်” ဟု ပေါက်တောမြို့မရဲစခန်းမှ ရဲအုပ်သန်းဌေးက နိရဉ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

မီးလောင်မှုကြောင့် လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara-151742128171206/
ပေါက်တောမြို့တွင် ဓာတ်ဆီဆိုင် မီးလောင်မှု ငြိမ်းသတ်နိုင်ပြီဟုဆို ပေါက်တောမြို့တွင် ဓာတ်ဆီဆိုင် မီးလောင်မှု ငြိမ်းသတ်နိုင်ပြီဟုဆို Reviewed by THITHTOOLWIN on 20:57 Rating: 5
Powered by Blogger.