နေရပ်စွန့်ခွာထွက်ပြေးသူများ ပြန်လည်နေရာချထားရေးအစီအစဉ်များတွင် စင်ကာပူကူညီမည်


ရန်ကုန် နိုဝင်ဘာ ၆
==============
လက်ရှိအချိန်၌ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်နေသော စင်ကာပူနိုင်ငံ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာ ထွက်ပြေးသူများကို မြန်မာနိုင်ငံ ဘက်သို့ ပြန်လည်လွှဲပြောင်းပြီး နောက် နေရာချထားရေးအစီအစဉ် များ ဖော်ဆောင်ရာတွင် ပါဝင်ရန် အတွက် အကူအညီပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေလျက်ရှိ ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး သည် နေပြည်တော်သို့ လာရောက် ပြီးနောက် မြန်မာအစိုးရအဖွဲ့ တာဝန် ရှိသူများနှင့်ဆွေးနွေးမှုများ ပြုလုပ် ကာ အကူအညီပေးနိုင်မည့်နည်း လမ်းများ ဖော်ထုတ်နိုင်ရန်အတွက် ကြိုးပမ်းခဲ့ကြောင်း စင်ကာပူနိုင်ငံ ခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

 မြန်မာအစိုးရ၏ တရားဝင်သတင်းထုတ်ပြန်ချက် အတွင်း၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ရောက်ရှိနေသော နေရပ် စွန့်ခွာထွက်ပြေးသူများအနက် စိစစ် ပြီးသူ ၂၂၆ဝ အား ယခုလ ၁၅ ရက်မှစတင်၍ ပြန်လည်လွှဲပြောင်း လက်ခံပြီးနောက် နေရာချထားမှု များ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ပြန်လည် လွှဲပြောင်းလက်ခံမည့်သူများအား ငါးခူရနှင့်ဖိုးခေါင်ပြန်လည်လက်ခံ ရေးစခန်းများတွင် စိစစ်မှုများပြု လုပ်ပြီးနောက် လက်ခံသွားမည် ဖြစ်ကာ ဆောက်လုပ်ပြီးဖြစ်သော အဆောက်အအုံများ၌ နေရာချထား ပေးမည်ဖြစ်သည်။

The Union Daily
https://www.facebook.com/pg/uniondaily.net
နေရပ်စွန့်ခွာထွက်ပြေးသူများ ပြန်လည်နေရာချထားရေးအစီအစဉ်များတွင် စင်ကာပူကူညီမည် နေရပ်စွန့်ခွာထွက်ပြေးသူများ ပြန်လည်နေရာချထားရေးအစီအစဉ်များတွင် စင်ကာပူကူညီမည် Reviewed by THITHTOOLWIN on 19:23 Rating: 5
Powered by Blogger.