တိုက်​ကြီးမြို့နယ်​၌ ဓာတ်​​ငွေ့ပိုက်​လိုင်းမှ ဓာ​တ်​​ငွေ့ယိုစိမ့်​မှုဖြစ်​ပွား


တိုက်​ကြီး နိုဝင်​ဘာ ၂၀

ရန်​ကုန်​တိုင်း​ဒေသကြီး၊တိုက်​ကြီးမြို့နယ်​၊ မင်္ဂလာရပ်​ကွက်​ လူသန့်​အင်း​ကျေးရွာ၊​ဖောင်​ကြီးလမ်းမှလူသန့်​အင်း​ကျေးရွာသို့ ​ဖောက်​လုပ်​ထား​သော ကားလမ်း ​ချောင်းနံ​ဘေး၌ ​ဓာတ်​​ငွေ့ပိုက်​လိုင်းမှ နိုဝင်​ဘာလ ၂၀ရက်​ ၇း၄၅ မိနစ်​အချိန်​ခန့်​က ဓာတ်​​ငွေ့ယိုစိမ့်​မှုဖြစ်​ပွားခဲ့​ကြောင်းသိရသည်​။

အဆိုပါပိုက်​လိုင်းသည်​ အ​ဖျောက်​​ရေနံ​မြေသဘာဝဓာတ်​​ငွေ့စက်​ရုံနှင့်​ ​ရွှေပြည်​သာမြို့သို့ ဆက်​သွယ်​ထား​သောသဘာဝ​ဓာတ်​​ငွေ့ပိုက်​လိုင်း ဖြစ်​သည်​။ပိုက်​လိုင်းမှဓာတ်​​ငွေ့ ယိုစိမ့်​မှုဖြစ်​​သော​နေရာသို့ရပ်​ကွက်​တာဝန်​ရှိသူများ ၊ရဲတပ်​ဖွဲ့ဝင်​များ​ကျေးရွာသားများသွား​ရောက်​ပြီး အန္တရာယ်​မဖြစ်​ရန်​ခြုံနွယ်​များ ​ရေဆိုးများ ​ဖောက်​လုပ်​ဖယ်​ရှားပြီး တာဝန်​ရှိသူများတို့ ဆက်​လက်​တင်းပို့ထားပြီး၊ဓာတ်​​ငွေ့ယိုစိမ့်​မှု​ကြောင့်​ လူနှင့်​တိရစ္ဆာန်​များ ထိခိုက်​မှုမရှိ​ကြောင်းသတင်းရရှိသည်​။

ထွန်းလှိုင်​(မြိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တိုက်​ကြီးမြို့နယ်​၌ ဓာတ်​​ငွေ့ပိုက်​လိုင်းမှ ဓာ​တ်​​ငွေ့ယိုစိမ့်​မှုဖြစ်​ပွား တိုက်​ကြီးမြို့နယ်​၌ ဓာတ်​​ငွေ့ပိုက်​လိုင်းမှ ဓာ​တ်​​ငွေ့ယိုစိမ့်​မှုဖြစ်​ပွား Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.