ပျက်ကျလေယာဉ်က ဒုတိယ Black Box မရရှိသေး

Photo: PURWOCOROKO / AFP
အင်ဒိုနီးရှားနိုင်ငံကမ်းလွန်ပင်လယ်မှာ တနင်္လာနေ့ကပျက်ကျသွားခဲ့တဲ့ Lion Air လေကြောင်းလိုင်းရဲ့ Boeing ၇၃၇ ခရီးသည်တင်လေယာဉ်က Black Box ၂ ခုအနက် ပျံသန်းမှုမှတ်တမ်းတင် ကိရိယာကို သောကြာနေ့က ဆယ်ယူရရှိခဲ့ပြီးဖြစ်ပေမယ့် လေယာဉ်မှူးခန်းအတွင်း ပြောကြားချက်တွေကို မှတ်တမ်းတင်ထားတဲ့ ကိရိယာကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။

လက်ရှိ ဆယ်ယူရရှိထားတဲ့ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာက အချက်အလက်တွေကိုလည်း ထုတ်ယူလို့ မရသေးပါဘူး။ အဲဒီကိရိယာဟာ ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ ရှိခဲ့တဲ့အတွက် အမေရိကန် ကျွမ်းကျင်သူတွေနဲ့ ဘိုးအင်းလေယာဉ်ပျံကုမ္ပဏီက အကူအညီတွေကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

ရေအောက်မှာရှိနေတဲ့ နောက်ထပ် Black Box တစ်လုံးက အချက်ပေးသံကို ကြားနေရာတာ ၂ ရက် ရှိပြီဖြစ်ပေမယ့် ရေစီးသန်မှုနဲ့ ရွံ့နွံထူထပ်မှုတွေကြောင့် အခုထိ ရှာမတွေ့သေးဘူးလို့ သက်ဆိုင်ရာက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ပျက်ကျလေယာဉ်က ဒုတိယ Black Box မရရှိသေး ပျက်ကျလေယာဉ်က ဒုတိယ Black Box မရရှိသေး Reviewed by THITHTOOLWIN on 09:04 Rating: 5
Powered by Blogger.