ဘားအံမြို့တွင် အမျိုးသားနှစ်ဦးထံမှ ပစ္စတိုသေနတ်အစိတ် အပိုင်းများနှင့် ကျည်တစ်တောင့်အပါအဝင် WYစိတ်ကြွ ဆေးပြားများနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


ဘားအံ အောက်တိုဘာ ၃၁

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် အောက်တိုဘာ ၃၀ ရက် ညနေပိုင်းက ပူးပေါင်းအဖွဲ့များဖြင့် ရှာဖွေစစ်ဆေးရာ အမျိုးသား နှစ်ဦးထံမှ တစ်စစီဖြုတ်ထားသည့် ပစ္စတိုသေနတ်၏အစိတ် အပိုင်းများနှင့် ဒဿ မ ၃၂ ကျည်တစ်တောင့်၊ ဓါးမြှောင်တစ်ချောင်း၊ အသုံးပြုသည့်ယာဉ်တစ်စီးအပါအဝင်WYစိတ်ကြွဆေးပြားများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၃၀ ရက် ညနေ ၄နာရီ၅မိနစ်အချိန်ခန့် ဘားအံခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့် အတူ ဘားအံမြို့၊ အမှတ်(၄) ရပ်ကွက်၊ ကမ်းနားလမ်းတွင် ရပ်ထားသော 9A/----နံပါတ်တပ် TOYOTA CORONA အမျိုးအစား ခဲမဲရောင်ယာဉ်အား ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်တွင် စိုးပိုင်(ခ) ဝင်းပိုင်ကိုတွေ့ရှိရပြီး ၎င်းနှင့်အတူ ယာဉ်အတွင်းမှ ပစ္စတိုသေနတ် အစိတ်အပိုင်းများ ဖြစ်သောအရှည် (၇)လက်ခန့် သေနတ်ပြောင်း ကာတစ်ခု၊ အရှည်(၅)လက်မခန့် သေနတ်ပြောင်းတစ်ခု၊ အရှည်(၆)လက်မခန့် ခလုတ်ကွင်းကာပါ သေနတ်လက်ကိုင် တစ်ခု၊အရိုးအသွား (၁၀)လက်မခွဲခန့်ရှိသော ဓါးဦးချွန်တစ်ချောင်း၊ ယာဉ်သက်သေခံလက်မှတ်တစ်ခု၊ စစ်စိမ်းရောင်အင်္ကျီတစ်ထည်၊ အဖွဲ့အစည်းတစ်ခု၏ ဘက်တံဆိပ်သုံးခု၊ ပျောက်ကြားဦးထုပ် တစ်လုံး၊ဆင်းကတ်ပါ လက်ကိုင်ဖုန်းတစ်လုံး၊WYစိတ်ကြွ ဆေးပြား(၁၂၆)ပြား အလေးချိန် (၁၂.၆)ဂရမ်နှင့်ဆေးရှူရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိသိမ်းဆည်း ရမိခဲ့ပြီးစစ်ဆေးပေါ်ပေါက်ချက်အရ တစ်ဆင့်ရောင်းချပေးခဲ့သူ အောင်စိုးကို ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သရဖီလမ်းနှင့် သရဖီလမ်းသွယ်ထောင့်တွင် ည ၈နာရီ မိနစ်၂၀အချိန် မူးယစ်ဆေးဝါးလာရောက်ပို့ဆောင်စဉ်က အသုံးပြုခဲ့သော နံပါတ်မပါ KAWASAKI အမျိုးအစား အပြာ/အမဲ/အစိမ်းရောင် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး နေအိမ်အား ဆက်လက် ရှာဖွေရာတွင် မူးယစ်ဆေးဝါးတစ်စုံတစ်ရာမတွေ့ရှိကြောင်း သိရသည်။

ထို့ကြောင့် စိုးပိုင်(ခ)ဝင်းပိုင်၊ (၄၈-နှစ်)၊ကမ်းနားလမ်း၊ အမှတ်(၄) ရပ်ကွက်၊ ဘားအံမြို့နေသူနှင့် အောင်စိုး၊ (၄၈-နှစ်)သရဖီလမ်းသွယ်၊ အမှတ်(၄)ရပ်ကွက်၊ ဘားအံမြို့နေသူတို့နှစ်ဦးအား ဘားအံမြို့မ ရဲစခန်းတွင် မယ(ပ) ၄၀/၂၀၁၈ မူး/စိတ်ပုဒ်မ ၁၉(က)/၂၂(ခ)/၂၁ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

မင်းသူ(ဘားအံ)
https://www.facebook.com/MYANMAALINNNEWS/
ဘားအံမြို့တွင် အမျိုးသားနှစ်ဦးထံမှ ပစ္စတိုသေနတ်အစိတ် အပိုင်းများနှင့် ကျည်တစ်တောင့်အပါအဝင် WYစိတ်ကြွ ဆေးပြားများနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ ဘားအံမြို့တွင် အမျိုးသားနှစ်ဦးထံမှ ပစ္စတိုသေနတ်အစိတ် အပိုင်းများနှင့် ကျည်တစ်တောင့်အပါအဝင် WYစိတ်ကြွ ဆေးပြားများနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.