ကျုံဒိုးမြို့တွင် အမျိုးသားတစ်ဦးထံမှ လက်ပစ်ဗုံးတစ်လုံးနှင့်WY စိတ်ကြွဆေးပြားများသိမ်းဆည်းရမိ


ကျုံဒိုး အောက်တိုဘာ ၃၀

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ပူးပေါင်းအဖွဲ့များဖြင့် လှည့်ကင်းဆောင်ရွက်စဉ် အမျိုးသားတစ်ဦးထံမှ လက်ပစ် ဗုံး တစ်လုံးနှင့်WY စိတ်ကြွဆေးပြား ၇၀ပြားရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၃နာရီ မိနစ် ၂၀ အချိန်ခန့်တွင် ကျုံဒိုးနယ်မြေရဲစခန်းမှူး ရဲအုပ် အောင်မြင့်ဝင်းဦးစီးသည့် ပူးပေါင်းအဖွဲ့များဖြင့် လှည့်ကင်းဆောင်ရွက် စဉ် ကော့လျမ်းကျေးရွာအုပ်စု၊ တံတားဦးကျေးရွာထိပ်၊ ကော့ကျိုက်-ကော့လျမ်းကျေး ရွာချင်းဆက်လမ်းခွဲတွင် မသင်္ကာဖွယ်တွေ့ရှိသူ အိုစမန်(ခ)အောင်အောင်၊( ၃၅-နှစ် )မြေနီကုန်းကျေးရွာ၊ ကလားကျောက်ဖျာအုပ်စု၊ ကျုံဒိုးမြို့နေသူအား စစ်ဆေးရာ ၎င်းလွယ်ထားသော ပလိုင်းအတွင်းမှ အမေရိကန်နိုင်ငံ လုပ်လက်ပစ်ဗုံးတစ်လုံး(စနက်တံမပါ)၊အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်ထားသော WYစိတ်ကြွဆေးပြား(၇၀)ပြား၊ အလေးချိန် (၆.၃)ဂရမ်၊ ကာလတန်ဘိုး (၂၁၀၀၀၀)ကျပ်၊ ဆင်းကဒ်ပါ ခလုတ်ဖုန်းတစ်လုံးနှင့်ဆေးရှူရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် လက်နက်ကိုင်ဆောင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးရန်လက်ဝယ်တွေ့ ရှိသူ အိုစမန်(ခ)အောင်အောင်အား ကျုံဒိုးနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

မင်းသူ(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျုံဒိုးမြို့တွင် အမျိုးသားတစ်ဦးထံမှ လက်ပစ်ဗုံးတစ်လုံးနှင့်WY စိတ်ကြွဆေးပြားများသိမ်းဆည်းရမိ ကျုံဒိုးမြို့တွင် အမျိုးသားတစ်ဦးထံမှ လက်ပစ်ဗုံးတစ်လုံးနှင့်WY စိတ်ကြွဆေးပြားများသိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.