မြိတ်တွင် WY စိတ်ကြွဆေးပြား ၆ သောင်းကျော် ဖမ်းမိ


9.10.2018

မြိတ်မြို့၊မြိတ်တောင်နယ်မြေ၊ မြို့မ ၂ ရပ်တွင် အောက်တိုဘာ ၈ ရက်နေ့၊ ည ၉ နာရီခွဲခန့်က WY စိတ်ကြွဆေးပြား ၆ သောင်းကျော် ဖမ်းဆီးရမိကြောင်း သိရပါတယ်။

မြို့မ ၂ ရပ်၊ပိတောက်လမ်းတွင် ညီအစ်ကို ၂ ဦး မူးယစ်ဆေးဖြန့်ဖြူးသုံးစွဲနေကြောင်း သတင်းအရ နယ်ထိန်းထွန်းထွန်းနိုင်နှင့်အဖွဲ့သည် မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ထုတ်ပေးသည့် ဖမ်းဝရမ်းအမှတ်(၇၇/၂၀၁၈)ဖြင့် ဝင်ရောက်ရှာဖွေဖမ်းဆီးရာ ညီဖြစ်သူဝေယံထွန်းမှာ ထွက်ပြေးသွားပြီး အစ်ကိုဖြစ်သူ ကြည်သာထွန်း(၃၀)နှစ်၊အားဖမ်းဆီးပြီး နေအိမ်အတွင်းရှာဖွေရာ WY စိတ်ကြွဆေး ၆၆,၄၀၀ ပြားနှင့်ဆက်စပ်ပစ္စည်းများ၊မူးယစ်ဆေးရောင်းချရာတွင် အသုံးပြုသည့် Honda Fit ကားတစ်စီး ဖမ်းဆီးရမိကြောင်းသိရပါတယ်။


မူးယစ်ဆေးလက်ဝယ်ထားရှိဖြန့်ဖြူးသုံးစွဲသူ ကြည်သာထွန်း (၃၀)နှစ်၊အား မြို့မရဲစခန်းမှ မူး/စိတ် ပုဒ်မ ၁၉(က)/ ၂၁ ဖြင့် အရေးယူထားပြီး ထွက်ပြေးလွတ်မြောက်နေသူ ဝေယံထွန်း အား ဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်နေကြောင်း သိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik-222869948053294/
မြိတ်တွင် WY စိတ်ကြွဆေးပြား ၆ သောင်းကျော် ဖမ်းမိ မြိတ်တွင် WY စိတ်ကြွဆေးပြား ၆ သောင်းကျော် ဖမ်းမိ Reviewed by THITHTOOLWIN on 10:17 Rating: 5
Powered by Blogger.