နေအိမ်အတွင်းအဲယားကွန်း(Safe Guard) အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား


ပဲခူး အောက်တိုဘာ ၃ဝ
=================
ပဲခူးမြို့ စိန်ထွန်းရပ်ကွက် လက်ဝဲသုန္ဒရလမ်းသွယ်ရှိ ''ထိပ် တန်း''ရေခဲမုန့်လုပ်ငန်းလုပ်ကိုင် သည့်နေအိမ်အနောက်ဘက် ယမန် နေ့ မွန်းလွဲ ၁နာရီ ၁၅ မိနစ်ခန့်က မှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေအိမ် အနောက်ဘက်ရှိ အဲယားကွန်း(sa-feguard)အပူလွန်ကဲရာမှ အခန်း နံရံသို့မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးလောင်မှုကြောင့် ပေ (၄ဝx၃ဝ) ပတ်လည် အုတ်ညှပ်၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနှစ်ထပ် နေအိမ်ဆောင် လောင်ကျွမ်းကာ ဆုံးရှုံးမှုတန်ဖိုးငွေကျပ်ငါးသိန်းငါး သောင်းခန့်ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားသောနေရာသို့ ပဲခူးနယ်မြေမီးသတ်စခန်း(၁)နှင့်(၃) မှ မီးငြှိမ်းသတ်ယာဉ် လေးစီး၊ မီး သတ်ရေယာဉ်နှစ်စီးနှင့် တာဝန်သိ ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ပေး ကြသည်။
အဆိုပါ မီးလောင်မှုကြောင့် မီးပေါ့ဆသူ နေအိမ်ပိုင်ရှင် ဦးသန်း ဇော်ထူးအား ပဲခူးမြို့မ အမှတ်(၁) ရဲစခန်းမှ (ပ)၂၁၈၉/၂ဝ၁၈၊ ပြစ်မှု ဆိုင်ရာပုဒ်မ(၂၈၅) ဖြင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းအဆိုပါ စခန်းမှ သိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)
The Union Daily
https://www.facebook.com/pg/uniondaily.net
နေအိမ်အတွင်းအဲယားကွန်း(Safe Guard) အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား နေအိမ်အတွင်းအဲယားကွန်း(Safe Guard) အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.