အပစ်ရပ်အဖွဲ့တွေကြား ဘုံသဘောထားရပ်တည်ချက် ချမှတ်ဖို့ လိုနေပြီလို့ KNU ပြော

RCSS/SSA ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တို့ကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁ဝ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ရစဉ် / Photo: Aung Moe Myint/RFA
NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားမှာ ဘုံသဘောထားရပ်တည်ချက် ချမှတ်ဖို့ မဖြစ်မနေလိုအပ်နေပြီလို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဒီနေ့ ပြောလိုက်ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျင်းပမယ့် ပုပ္ပားဆွေးနွေးပွဲကို NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တက်ရာက်မလား ငြင်းပယ်မလားဆိုတာကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ဆွေးနွေးရာမှာ အဖွဲ့ခေါင်းဆောင် စောမူတူးစေးဖိုးက ပြောကြားခဲ့တာဖြစ်ပါတယ်။

အပစ်ရပ်လက်မှတ် ထိုးထားတဲ့အဖွဲ့တွေအနေနဲ့ NCA လမ်းကြောင်းကနေ သွေဖယ်သွားလို့ မရကြောင်းလည်း စောမူတူးစေးဖိုးက ပြောခဲ့ပါတယ်။

ကရင်အမျိုးသား အစည်းအရုံး KNU ကတော့ ပုပ္ပားဆွေးနွေးပွဲ ကျင်းပမယ့်ရက်ကို ပြန်လည်ညှိနှိုင်းလိုကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ကြေညာထားပါတယ်။

RFA Burmese
https://www.rfa.org
အပစ်ရပ်အဖွဲ့တွေကြား ဘုံသဘောထားရပ်တည်ချက် ချမှတ်ဖို့ လိုနေပြီလို့ KNU ပြော အပစ်ရပ်အဖွဲ့တွေကြား ဘုံသဘောထားရပ်တည်ချက် ချမှတ်ဖို့ လိုနေပြီလို့ KNU ပြော Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.