တပ်နဲ့ KNPP တို့ ဖားဆောင်းမြို့နယ်မှာ တိုက်ပွဲဖြစ်

၆၈ နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ကို ကယားပြည်နယ် ဖားဆောင်းမြို့နယ် နန်းကစ်ကျေးရွာမှာ ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က ကျင်းပစဉ်
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန်းကစ် နဲ့ ဗဟန်းလော့ကျေးရွာကြားမှာ အစိုးရ တပ်မတော်နဲ့ အပစ်ရပ် NCA လက်မှတ်မထိုးရသေးတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အစိုးရတပ်ဖက်က အကြောင်းမကြားဘဲ သွားလာရာမှာ KNPP တပ်တွေရှိတဲ့ နေရာအနီးကို ရောက်လာတာကြောင့် ဒီနေ့ မနက် ၇ နာရီဝန်းကျင်ခန့်မှာ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ သိရကြောင်း ဖားဆောင်းမြို့နယ် KNPP ဆက်ဆံရေးရုံး တာဝန်ခံ စောဦးကွယ် က RFA ကို အတည်ပြုပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ နှစ်ဖက်တပ်တွေ နားလည်မှုနဲ့ ညှိနှိုင်းထားကြတယ်လို့ သိရပြီး တိုက်ပွဲမှာ ထိခိုက် သေဆုံးမှု ရှိ မရှိကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

KNPP အဖွဲ့ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာနိုင်ဖို့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ အစိုးရလက်ထက်က ချုပ်ဆိုခဲ့တဲ့ နှစ်ဖက်သဘောတူ စာချုပ်အရ အစိုးရတပ်တွေ သွားလာဖို့ ကန့်သတ်ထားတဲ့နေရာတွေရှိတယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org
တပ်နဲ့ KNPP တို့ ဖားဆောင်းမြို့နယ်မှာ တိုက်ပွဲဖြစ် တပ်နဲ့ KNPP တို့ ဖားဆောင်းမြို့နယ်မှာ တိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.