အမေရိကန် နိုင်ငံ အရှေ့တောင်ပိုင်း ပြည်နယ်များတွင် Jackson လေပြင်းမုန်တိုင်း တိုက်ခတ်မှု ကြောင့် လူ အနည်းဆုံး ၇ ဦး သေဆုံး

အမေရိကန် နိုင်ငံ တွင် Jackson လေပြင်းမုန်တိုင်း မဝင်ရောက်မီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

    ဝါရှင်တန် ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

    အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ် သို့ အောက်တိုဘာ ၁၀ ရက် ၌ အဆင့် ၄ ရှိ Jackson လေပြင်းမုန်တိုင်း စတင်ဝင်ရောက် ပြီးနောက် အပူပိုင် လေပြင်းမုန်တိုင်း အဖြစ် အားနည်းသွားပြီး ကုန်းတွင်းပိုင်း သို့ ရွေ့လျားသွားကာ အမေရိကန် နိုင်ငံ အရှေ့တောင်ပိုင်း ရှိ ပြည်နယ်များ တွင် ပျက်စီးဆုံးရှုံးမှု ကြီးမားစွာ ဖြစ်ပေါ်ခဲ့ပြီး လူ အနည်းဆုံး ၇ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ Jackson လေပြင်းမုန်တိုင်း ကြောင့် အိမ်ပေါင်း ထောင်နှင့်ချီ၍ ပျက်စီး သွားခဲ့ပြီး လုပ်ငန်း နှင့် အိမ်ထောင်စုပေါင်း ၁.၁ သန်းခန့် လျှပ်စစ်မီး ပြတ်တောက် သွားခဲ့ကြောင်း ၊ Jackson လေပြင်းမုန်တိုင်း က အမေရိကန် နိုင်ငံ တွင် တိုက်ခိုက်ခဲ့သည့် တတိယ အင်အား အကြီးမားဆုံး လေပြင်းမုန်တိုင်း တစ်ခု ဖြစ်ခဲ့ပြီး တစ်နာရီ ၂၄၉ ကီလိုမီတာနှုန်းဖြင့် စတင် ဝင်ရောက် တိုက်ခတ် ခဲ့ကာ အဆင့် ၅ သို့ လွန်စွာ နီးကပ်နေပြီ ဖြစ်ကြောင်း ၊ ကယ်ဆယ်ရေး လုပ်ငန်းများ စတင် ဆောင်ရွက်လာသည် နှင့် အမျှ သေဆုံးသူ စာရင်း ပိုမို မြင့်တက် လာနိုင်ကြောင်း သိရှိရသည်။

Jackson လေပြင်းမုန်တိုင်း က အမေရိကန် နိုင်ငံ တွင် တစ်လ အတွင်း ဒုတိယ အကြိမ်မြောက် တိုက်ခတ် ခဲ့သည့် မုန်တိုင်း တစ်ခု ဖြစ်ပြီး စက်တင်ဘာ လလယ်ပိုင်း အချိန် က အမေရိကန် နိုင်ငံ တွင် အဆင့် ၁ ရှိ Florence မုန်တိုင်း တိုက်ခတ် ခဲ့ရာ ဒေသ အများအပြား ရေမြုပ်သွားခဲ့ပြီး လူပေါင်း အနည်းဆုံး ၅၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန် နိုင်ငံ အရှေ့တောင်ပိုင်း ပြည်နယ်များတွင် Jackson လေပြင်းမုန်တိုင်း တိုက်ခတ်မှု ကြောင့် လူ အနည်းဆုံး ၇ ဦး သေဆုံး အမေရိကန် နိုင်ငံ အရှေ့တောင်ပိုင်း ပြည်နယ်များတွင် Jackson လေပြင်းမုန်တိုင်း တိုက်ခတ်မှု ကြောင့် လူ အနည်းဆုံး ၇ ဦး သေဆုံး Reviewed by THITHTOOLWIN on 01:44 Rating: 5
Powered by Blogger.