လိုင်စင်မဲ့ယာဉ်ကိုစီးနှင်းသူမှ သေနတ်​ဖြင့်​ပစ်၍ ယာဉ်​ထိန်းနှင့်​ အရပ်​သား ကျည်​ဆန်​ထိမှန်


မော်လမြိုင် အောက်တိုဘာ ၁၄

မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက် ဦးစစ်မောင်လမ်းနှင့် သမိန်ဗရမ်းလမ်းထောင့်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် ယာဉ်မောင်းက သေနတ်ဖြင့် ၅ ချက် ပစ်ခတ်ခဲ့ကြောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်တစ်ဦးနှင့် အရပ်သားတစ်ဦး သေနတ်ထိမှန်ခဲ့ရကြောင်း သတင်း ရရှိသည်။

သေနတ်ပစ်ထွက်ပြေးတိမ်းရှောင်နေသူ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ကော့တုံဌာချုပ်မှ ဒုဗိုလ်အဆင့်ရှိသူ နိုင်ပိုက်ထွေးဖြစ်သည်ကို ကနဦးသိရှိရပြီး ၄င်းကို ဖမ်းဆီးရမိရေးအတွက် မွန်ပြည်နယ်ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေ ဖမ်းဆီးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပြီး သေနတ်ပစ်ခတ်ခဲ့သည့် မော်တော်ယာဉ်နှင့်အတူ လိုက်ပါစီးလာသူ အမျိုးသမီးတစ်ဦးကို လက်ရှိတွင် မြိုင်သာယာနယ်မြေရဲစခန်း၌ စစ်ဆေးလျက်ရှိပြီး သေနတ်ဒဏ်ရာရရှိခဲ့သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် အရပ်သား လူငယ်တစ်ဦးကို မော်လမြိုင်ဆေးရုံကြီးသို့ တင်ပို့ထားသည်။

ခေတ်မင်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation
လိုင်စင်မဲ့ယာဉ်ကိုစီးနှင်းသူမှ သေနတ်​ဖြင့်​ပစ်၍ ယာဉ်​ထိန်းနှင့်​ အရပ်​သား ကျည်​ဆန်​ထိမှန်​ လိုင်စင်မဲ့ယာဉ်ကိုစီးနှင်းသူမှ သေနတ်​ဖြင့်​ပစ်၍ ယာဉ်​ထိန်းနှင့်​ အရပ်​သား ကျည်​ဆန်​ထိမှန်​ Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.