![]() |
Photo: MUHAMMAD RIFKI / AFP |
အထူးသဖြင့် ပါလူးမြို့ရဲ့ ပက်တိုဘိုနဲ့ ဘာလာရိုရာအပိုင်းတွေမှာ မြေကျွံရာမှာ ပါသွားသူတွေ ထောင်နဲ့ချီပြီးရှိမယ်လို့ သဘာဝဘေးဒဏ် အေဂျင်စီက ခန့်မှန်းထားပါတယ်။ လူငါးထောင်ကျော်ကို အခုထိ ရှာမတွေ့သေးပါဘူး။ ပျောက်ဆုံးသူအရေအတွက် အတိအကျသိရဖို့ မလွယ်ကူကြောင်းလည်း အေဂျင်စီက ပြောပါတယ်။
စက်တင်ဘာလ ၂ဂ ရက်နေ့က ပြင်းအား ၇.၅ နဲ့ လှုပ်ခဲ့တဲ့ ငလျင်ကြောင့် ဆူနာမီ ဖြစ်ပေါ်ခဲ့ပြီး၊ မြေပြိုမြေကျွံမှုတွေကြောင့် လူ တထောင်လောက် အဆောက်အဦပျက်တွေအောက် ပိနေကြမယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese