ရုရှားနိုင်ငံတွင် ယမ်းမှုန့်ပေါက်ကွဲမှုစက်ရုံတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင်း လူ ၃ ဦးသေဆုံး

ရုရှားနိုင်ငံ မော်စကိုတွင် ၂၀၁၄ ခုနှစ်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားမှုအား စစ်ဆေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
 မော်စကို၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ Perm မြို့ရှိ ယမ်းမှုန့်စက်ရုံတွင် အောက်တိုဘာ ၈ ရက်က ဓာတ်ငွေ့ဆလင်ဒါအိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုကြောင့် အလုပ်သမား ၁ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အခြားသူ ၂ ဦးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေးကော်မတီ Perm နယ်မြေဌာနခွဲက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

Perm ယမ်းမှုန့်စက်ရုံပိုင်မြေပေါ်ရှိ ဓာတ်ငွေ့ဆလင်ဒါအိုးပေါက်ကွဲမှုသည် မော်စကိုစံတော်ချိန် နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံ အရေးပေါ်လုပ်ငန်းဝန်ကြီးဌာန ဒေသခံဌာနခွဲက သီးခြားထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။

ပေါက်ကွဲမှုကြောင့် စက်ရုံအဆောက်အအုံပျက်စီးသွားခြင်းမရှိကြောင်း၊ မီးလောင်ကျွမ်းခြင်းနှင့် ထုတ်ကုန်လုပ်ငန်းများအား ထိခိုက်ခြင်းမရှိခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ရုရှားနိုင်ငံတွင် ယမ်းမှုန့်ပေါက်ကွဲမှုစက်ရုံတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင်း လူ ၃ ဦးသေဆုံး ရုရှားနိုင်ငံတွင် ယမ်းမှုန့်ပေါက်ကွဲမှုစက်ရုံတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင်း လူ ၃ ဦးသေဆုံး Reviewed by THITHTOOLWIN on 18:43 Rating: 5
Powered by Blogger.