နိုင်ငံတော်အတိုင်ပင်ခံ ချင်းပြည်နယ် ကန်ပက်လက်မြို့ကို သွားရောက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က ချင်းပြည်နယ် ကန်ပက်လက်မြို့ကို ရောက်ရှိလာစဉ်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ဒီနေ့မနက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာခဲ့ပြီး ဒေသခံတိုင်းရင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ၀ိတိုရိယတောင် (ခေါ်) နတ်မတောင် ကို ဆက်လက်ထွက်ခွာသွားတယ်လို့ ချင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒီနေ့ ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ တာဝန်ယူပြီးနောက်ပိုင်း ချင်းပြည်နယ်ကို ပထမဆုံးလာရောက်တာလည်း ဖြစ်ပါတယ်။

ကန်ပက်လက်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်နေရာ လစ်လပ်နေတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အဲဒီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်နဲ့ ချင်းတိုးတက်ရေးပါတီတို့ ၀င်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်လို့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲဆွယ်ခရီးလို့ မြင်နေကြသူတွေလည်း ရှိနေပါတယ်။ ဒီအကြောင်းကို နောက်ပိုင်းမှာ သတင်းပေးပို့ချက်အနေနဲ့ ထုတ်လွှင့်ပေးသွားဖို့ ရှိပါတယ်။

RFA Burmese
https://www.rfa.org
နိုင်ငံတော်အတိုင်ပင်ခံ ချင်းပြည်နယ် ကန်ပက်လက်မြို့ကို သွားရောက် နိုင်ငံတော်အတိုင်ပင်ခံ ချင်းပြည်နယ် ကန်ပက်လက်မြို့ကို သွားရောက် Reviewed by THITHTOOLWIN on 21:49 Rating: 5
Powered by Blogger.