ဓနုဖြူမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၁၂ လုံးအမိုးလန်ပျက်စီး


ဓနုဖြူ ၂၈ အောက်တိုဘာ

ဓနုဖြူမြို့နယ်တွင် အောက်တိုဘာ ၂၇ ရက်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၆၃ လုံး ပြိုကျပျက်စီးခဲ့ပြီး လူနေအိမ် ၂၁၂ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။


လေပြင်းတိုက်ခတ်မှုကြောင့် ဓနုဖြူမြို့နယ် ဖုန်းဆိုးတောင်ကျေးရွာအုပ်စု၊ တောင်ဇီးကျေးရွာတွင် သွပ်မိုးဝါးအိမ် ၄၉ လုံး အမိုးလန်ပျက်စီးကာ နေအိမ် ၃ လုံး ပြိုကျပျက်စီးခဲ့သည်။ ဗျင်းဘွဲ့ကျေးရွာအုပ်စု ဗျင်းဘွဲ့ကျေးရွာတွင် သွပ်မိုးဝါးအိမ် ၁၁ လုံး ပြိုကျပျက်စီးခဲ့ပြီး ၀ါးအိမ် ၉၀ လုံး အမိုးလန်ပျက်စီးခဲ့သည်။


အလားတူ အစွန်းကျေးရွာတွင် သွပ်မိုးဝါးအိမ် ၄၃ လုံး ပြိုကျပျက်စီးခဲ့ပြီး ၀ါးအိမ် ၇၂ လုံး အမိုးလန်ပျက်စီးခဲ့သည်။ ကုန်းတန်းတောင်အုပ်စု ဒါးခုတ်ချောင်း ကျေးရွာတွင် သွပ်မိုးဝါးအိမ် ၅ လုံးနှင့် ဓနိမိုးဝါးအိမ် ၁ လုံး ပြိုကျပျက်စီးခဲ့ပြီး ပျဉ်ထောင်အိမ် ၁ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။


လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိဘဲ ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် ၆၃ လုံးနှင့် အမိုးလန် ပျက်စီးခဲ့သည့် လူနေအိမ် ၂၁၂ လုံး၊ စုစုပေါင်း ၂၇၅ လုံးရှိ အိမ်ထောင်စုများအား နီးစပ်ရာ ဆေးမျိုးနေအိမ်များသို့ တာဝန်ရှိသူများမှ နေရာ ချထားပေးခဲ့ကြောင်း သိရသည်။

အောင်သူဟိဏ်း(ဓနုဖြူ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ဓနုဖြူမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၁၂ လုံးအမိုးလန်ပျက်စီး ဓနုဖြူမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၁၂ လုံးအမိုးလန်ပျက်စီး Reviewed by THITHTOOLWIN on 18:47 Rating: 5
Powered by Blogger.