အယ်ဒီတာတဦး အိန္ဒိယမှာ ဖမ်းဆီးခံရ

AP Photo/Anupam Nath
အိန္ဒိယနိုင်ငံတောင်ပိုင်း တမီနာဒူ ပြည်နယ် ချင်နိုင်းမြို့အခြေစိုက် ထင်ရှားတဲ့ မဂ္ဂဇင်းတစောင်ရဲ့ အယ်ဒီတာချုပ်ကို ပြည်နယ်အာဏာပိုင်တွေကို အသရေပျက်စေမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။

တမီဘာသာနဲ့ ထုတ်ဝေတဲ့ အဲဒီမဂ္ဂဇင်းဟာပြည်နယ်အစိုးရကအစ၊ တက္ကသိုလ်က မုဒိမ်းမှုအထိ ထဲထဲဝင်ဝင် စုံစမ်းထောက်လှမ်းရေးသားတဲ့အတွက် ထင်ရှားပါတယ်။

အဲဒီ မဂ္ဂဇင်း အယ်ဒီတာချုပ်ကို ပြည်နယ်အုပ်ချုပ်ရေးမှူးအပေါ် မဟုတ်မမှန် လုပ်ကြံစွပ်စွဲရေးသားခဲ့တယ်လို့ ပြည်နယ်ရုံးအရာရှိတွေက တရားစွဲဆိုခဲ့တဲ့အတွက် အသရေဖျက်မှုနဲ့ ဖမ်းဆီးတာဖြစ်ကြောင်း ရဲက ပြောပါတယ်။

အဲဒီလို ဖမ်းဆီးလိုက်တဲ့အပေါ် သတင်းထောက်တွေနဲ့ နိုင်ငံရေးအတိုက်အခံတွေက ဒါဟာ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်ကို တိုက်ခိုက်တာဖြစ်ကြောင်း ဆန့်ကျင်ရှုတ်ချခဲ့ကြပါတယ်။

ဒီနှစ်အတွက် ကမ္ဘာ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အခြေပြစာရင်းမှာ အိန္ဒိယနိုင်ငံဟာ အဆင့် ၁၃၈ မှာရှိပြီး မနှစ်ကထက် အဆင့်နှစ်ဆင့် လျော့ကျသွားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
အယ်ဒီတာတဦး အိန္ဒိယမှာ ဖမ်းဆီးခံရ အယ်ဒီတာတဦး အိန္ဒိယမှာ ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.