တစ်ရွာတည်းသားချင်း ရန်ညှိုးရန်စဖြင့် နေအိမ်အတွင်း ဓါးဖြင့်ခုတ်၊ တူးမီး သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား


တာချီလိတ် အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ ဂျောပကျေးရွာ၌ ယခင် ရန်ညှိုးရန်စဖြင့် နေအိမ်အတွင်း ဓါးဖြင့်ခုတ် တူမီးသေနတ်ဖြင့် ပစ်ခတ်မှု အောက်တိုဘာ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာ ၃၁ ရက် နံနက် ၉ နာရီတွင် ဒေါ်ဘူးရီ(၅၀ နှစ်)သည် တာချီလိတ်မြို့နယ်၊ ဂျောပကျေးရွာရှိ တောင်ယာတောတွင် ရှိနေစဉ် အားကြူဆိုသူ ရောက် လာပြီး ခင်းပွန်းဖြစ်သူ အားရှော (၅၀ နှစ်)ကို တစ်ရွာတည်းနေ ကေမီး (အမျိုးသား)မှ နေအိမ်ထဲဝင်ပြီး ဓါးဖြင့်ခုတ်၊ တူ မီးသေနတ်ဖြင့် ပစ်ခတ်သဖြင့် အားရှော၏ ဦးခေါင်းငယ် ထိပ်၊ နားရွက်နှင့် မေးစေ့တို့တွင် တူမီးသေနတ် ကျည်ဖောက်ဝင် ဒဏ်ရာ(စိုးရိမ်ရ)များ ရရှိ ခဲ့ကြောင်း၊ ရွာသူကြီးဖြစ်သူ အားကာနှင့် သမက်ဖြစ်သူ မိုးဆွေတို့က ဒဏ် ရာရရှိသူ အားရှောအား တာချီလိတ်ပြည် သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကု ပေးခဲ့ပါတယ်။

အမှုမှ ဓါးဖြင့်ခုတ်၊ သေနတ်ဖြင့် ပစ်ခတ်သူ ကေမီး(၅၅ နှစ်)၊ ဂျော ပကျေးရွာ၊ တာချီလိတ်မြို့နေသူအား တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။

မောင်မောင်(တခလ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တစ်ရွာတည်းသားချင်း ရန်ညှိုးရန်စဖြင့် နေအိမ်အတွင်း ဓါးဖြင့်ခုတ်၊ တူးမီး သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား တစ်ရွာတည်းသားချင်း ရန်ညှိုးရန်စဖြင့် နေအိမ်အတွင်း ဓါးဖြင့်ခုတ်၊ တူးမီး သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.