ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူတွေ ဘုရားပွဲကျင်းပနိုင်ပြီ

(ဒုက္ခသည်စခန်းမှာ Durga Puja ပွဲတော်လုပ်နေတဲ့ ဟိန္ဒူဘာသာဝင်တွေကို တွေ့ရစဉ်)
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတစ်ခုရောက်နေတဲ့ ဟိန္ဒူ ဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ်က မနှစ်က ထွက်ပြေးလာရပြီးချိန်ကစလို့ ဟိန္ဒူဘုရားပွဲကို ပထမဆုံးကျင်းပနေကြပါတယ်။

ဟိန္ဒူဘာသာဝင် ၅၀၀ ဟာ မြန်မာတပ်က ဖြိုခွဲချိန်က ရိုဟင်ဂျာ မွတ်စလင် ၇ သိန်းကျော်နဲ့အတူ ထွက်ပြေးလာကြတာပါ။ မနှစ်က သြဂုတ်လမှာ ရိုဟင်ဂျာ စစ်သွေးကြွတွေက သူတို့ကို တိုက်ခိုက်တယ်လို့ ဟိန္ဒူဒုက္ခသည်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာလည်း ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ ဆက်ဆံရေးကလည်း တင်းမာနေပါတယ်။
မြန်မာနိုင်ငံမှာနေတုန်းက ဟိန္ဒူဘုရားပွဲတော်ကို ပုံမှန်ကျင်းပပြီး ဘင်္ဂလားဒေ့ရှ်မှာ အခြေအနေ မတူတော့ပေမယ့် ဘင်္ဂလားဒေ့ရှ်လူမျိုးတွေက ငွေကြေးနဲ့ အ၀တ်အစားတွေ ကူညီလို့ ကျေးဇူးတင်တဲ့ အကြောင်းလည်း ပြောပါတယ်။

ဟိန္ဒူတွေရဲ့ စခန်းဟာ မွတ်စလင်တွေကိုထားတဲ့ Kutupalong ကူတူပလောင် ဒုက္ခသည်စခန်းနဲ့ တစ်မိုင်ပဲဝေးပြီး ၂၄ နာရီမပြတ် လုံခြုံရေးချထားတယ်လို့ ရဲတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူတွေ ဘုရားပွဲကျင်းပနိုင်ပြီ ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူတွေ ဘုရားပွဲကျင်းပနိုင်ပြီ Reviewed by THITHTOOLWIN on 10:01 Rating: 5
Powered by Blogger.