ရေနီစက္ကူစက်ရုံသွားသည့် ကွန်ကရစ်ကားလမ်းဘေး၌ အမျိုးသမီး တစ်ဦးဒဏ်ရာများဖြင့်တွေ့ရှိရပြီး ဆေးရုံ အရောက်တွင်သေဆုံး


ရေတာရှည် အောက်တိုဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သရက်ကုန်းကျေးရွာနှင့် ဆပ်သေ(မြောက်)ကျေးရွာ အကြား၊ ရန်ကုန်-မန္တလေးကားလမ်းမှ ရေနီစက္ကူစက်ရုံသို့သွားသည့် ကွန်ကရစ်ကားလမ်းမြောက်ဘက် ဘေး တွင် အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၅ နာရီအချိန် အမျိုးသမီးတစ်ဦး ထိုးသွင်းဓါးဒါဏ်ရာဖြင့် လဲကျနေပြီး မြို့လှမြို့ တိုက်နယ်ဆေးရုံသို့တင်ပို့စဉ် နာရီဝက်အကြာ၌ ရရှိသော ဒဏ်ရာများဖြင့် သေဆုံး သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုဖြစ်စဉ်အား တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်းနှင့် မှုခင်းအကူဌာနစိတ်မှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူး မောင်မောင်ဦး ၊ ရေနီနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ် ကျော်ဇေယျာမင်း အဖွဲ့ကစစ်ဆေးဆောင်ရွက်ခဲ့ရာ ဓားဒဏ်ရာဖြင့် သေဆုံးသူမှာ သာဂရ မြို့၊ အင်ဒိုင်းကျေးရွာနေ မပိုးပိုး(ခ) မစောသန္တာလွင်(၃၆)နှစ်ဖြစ်ပြီး ဝဲဘက်နံဘေးထိုးသွင်းဒဏ်ရာ၊ တစ်ချက်၊ နောက်ကျောဘက်တွင် ထိုးသွင်းဒဏ်ရာ(၃)ချက်ရရှိကာ ဆေးရုံအရောက်၌သေဆုံး သွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ သေဆုံးသူ မပိုးပိုး(ခ)မစောသန္တာလွင် နှင့်အခြားသော ရေနီမြို့နေ အမျိုးသမီး အချို့သည် ရန်ကုန်-မန္တလေးကားလမ်းတွင် မောင်းနှင်သည့် ကုန်တင်ယာဉ်ကြီးများအား တားကာ ပြည့်တန်ဆာ ကိစ္စအလိုငှာ လုပ်ကိုင်နေကြသူများဖြစ်ကာ အမှုမှန် ဖော်ထုတ်နိုင်ရေးအတွက် ရေနီနယ်မြေ ရဲစခန်းက (ပ)၆၅/၂ဝ၁၈ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့်အမှုဖွင့်၍ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ နိုင်ရန် ဆက်လက်စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကိုလွင်(ဆွာ)
https://www.facebook.com/MYANMAALINNNEWS/
ရေနီစက္ကူစက်ရုံသွားသည့် ကွန်ကရစ်ကားလမ်းဘေး၌ အမျိုးသမီး တစ်ဦးဒဏ်ရာများဖြင့်တွေ့ရှိရပြီး ဆေးရုံ အရောက်တွင်သေဆုံး ရေနီစက္ကူစက်ရုံသွားသည့် ကွန်ကရစ်ကားလမ်းဘေး၌ အမျိုးသမီး တစ်ဦးဒဏ်ရာများဖြင့်တွေ့ရှိရပြီး ဆေးရုံ အရောက်တွင်သေဆုံး Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.