အင်ဒိုငလျင် သေသူ ၁၄ဝဝ ကျော်သွားပြီ

(အင်ဒိုနီးရှားနိုင်ငံ Sulawesi ကျွန်းမှာ ငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲ ဆူနာမီဒဏ်ကြောင့် ပျက်စီးနေတာတွေကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်)
အင်ဒိုနီးရှားနိုင်ငံ Sulawesi ကျွန်းမှာ သောကြာနေ့က ပြင်းအား ၇.၅ ရှိတဲ့ ငလျင် လှုပ်ခတ်ပြီး နောက်ဆက်တွဲ ဆူနာမီဒဏ်ကြောင့် သေဆုံးသူဦးရေဟာ ဗုဒ္ဓဟူးနေ့ကအထိ အနည်းဆုံး ၁၄၀၇ ယောက်ရှိသွားပြီလို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

လူ ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပြီး၊ ၇ သောင်းကျော် ကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရသလို၊ သေဆုံးသူဦးရေဟာ ထပ်တိုးနိုင်တယ်လို့လည်း အမျိုးသား သဘာဝ ဘေးအန္တရာယ် ကာကွယ်စောင့် ကြည့်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Sutopo Purwo Nugroho က ပြောပါတယ်။

ဆူနာမီကြောင့် နေအိမ်နဲ့ ဆိုင်တွေ ရေထဲမျောပါတိုက်စားပြီး၊ ဆက်သွယ်ရေးတိုင်တွေ လဲပြို၊ အပျက်အစီးတွေကြောင့် လမ်းတွေ ပိတ်ဆို့နေတဲ့အတွက် - ၅ ရက်ကြာတဲ့အထိ - အရေးပေါ် အကူအညီတွေဟာ Sulawesi ကျွန်းရဲ့ တချို့နေရာတွေကိုသာ ရောက်နိုင်သေးတာ ဖြစ်ပါတယ်။

အစာအစာ၊ ရေနဲ့ ဆေးဝါးတွေ မရှိဘဲဖြစ်နေတဲ့ အသက်ရှင်ကျန်ရစ်သူတွေထံ အကူအညီတွေ ပေးပို့နိုင်ဖို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ကြိုးပမ်းနေကြရဆဲဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
အင်ဒိုငလျင် သေသူ ၁၄ဝဝ ကျော်သွားပြီ အင်ဒိုငလျင် သေသူ ၁၄ဝဝ ကျော်သွားပြီ Reviewed by THITHTOOLWIN on 10:24 Rating: 5
Powered by Blogger.