လှိုင်မြို့နယ်တွင် ဖုန်းများလိုက်လံခိုးယူနေသူကို ဖမ်းဆီးရမိ


ရန်ကုန် အောက်တိုဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီးရန်ကုန်အနောက်ပိုင်းခရိုင်လှိုင်မြို့နယ်(၁၃) ရပ်ကွက် ဗဟိုလမ်းနှင့်ရတနာလမ်းထိပ်တွင်ယနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တိုက်ခန်းများပေါ်သို့ တက်၍ဖုန်းများလိုက်လံခိုးယူ နေသူကိုဖမ်းဆီးမိကြောင်းသိရသည်။

 ဖြစ်စဉ်မှာလှိုင်မြို့နယ်မြို့မရဲစခန်းမှရဲတပ်ကြပ်ကြီးကျော်ကျော် ရဲတပ်ကြပ်သက်ညွှန့်၊ ရဲတပ်ကြပ်နေဝင်းဦးသက်သေဦးအောင်စိုး၊ ဦးထင်လင်းထိုက်တို့နှင့်အတူ နယ်မြေအတွင်းလှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် လှိုင်မြို့နယ်၁၃ရပ်ကွက်ဗဟိုလမ်းနှင့်ရတနာလမ်းထိပ်တွင်လမ်းလျှောက်လာသူအားမသင်္ကာသဖြင့် စစ်ဆေးရာ အေးမင်းဦးဆိုသူဖြစ်ကြောင်း သိရှိရပြီးလွယ်အိတ်အတွင်းမှOPPO F-3 plus ရွှေအိုရောင်လက်ကိုင်ဖုန်းနှင့် HUAWEI 18813 အနက်ရောင် ဖုန်းတစ်လုံး မီးခိုးရောင် PowerBankတစ်ခု အားသွင်းကြိုးတစ်ချောင်းသိမ်းဆည်းရမိပြီးအဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ဖုန်းများခိုးယူလာသည့်မသကာင်္ဖွယ်တွေ့ရှိသူအေးမင်းဦး(၃၃)နှစ် သံရည်ကျို စက်မှုဇုန်လမ်း ဖရဲကင်းရပ်ကွက် မှော်ဘီမြို့နေသူအားလှိုင်မြို့မရဲစခန်းမှအမှုဖွင့်ဆောင်ရွက်လျှက်
ရှိကြောင်းသိရှိရသည်။

သန္တာမေ( ပြန်ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လှိုင်မြို့နယ်တွင် ဖုန်းများလိုက်လံခိုးယူနေသူကို ဖမ်းဆီးရမိ လှိုင်မြို့နယ်တွင် ဖုန်းများလိုက်လံခိုးယူနေသူကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:51 Rating: 5
Powered by Blogger.