အဖမ်းစီးခံရသည့် လွယ်ဆိုင်းကျေးရွာသားအား ကျပ် သိန်း၎ဝဖြင့် လာရွေးခိုင်း


အောက်တိုဘာ ၁၃ရက်
မားနဂါး၊ ကျေးသီး

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ရက်နေ့တွင် အရပ်ဝတ် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ အဖမ်းစီးခံခဲ့ရသည့် ကျေးသီးမြို့နယ် ဝမ့်စိမ့်အုပ်စု လွယ်ဆိုင်းကျေးရွာသားတစ်ဦးဖြစ်သူ ကွန်ဆမ်းမွန်းကို ထိုလက်နက်ကိုင်မှ ကျပ်သိန်း၎ဝဖြင့် လာရောက်ရွေးယူရန် ဒီကနေ့ အောက်တိုဘာ ၁၃ရက်နေ့တွင် ရွာဥက္ကဌမှ တစ်ဆင့် ပြောကြားလိုက်ကြောင်း လွယ်ဆိုင်းကျေးရွာ ဒေသခံများက မားနဂါးသို့ ပြောသည်။

ရွာသားတစ်ဦးက "ဒီနေ့ ရွာသားတွေ ပြန်စုပြီးတော့ အစည်းအဝေးလုပ်တယ်။ ပိုက်ဆံကို ရွာထဲကောက်ပြီး တော့ ပေးမယ်ဆိုပြီးတော့ ဆွေးနွေးကြတယ်။ သိန်း ၄ဝဆိုတော့ ရွာသားတွေက အဲလောက်ပမာဏကျတော့ ချက်ချင်းပြန်ရွေးဖို့ မဖြစ်နိုင်ဘူး"ဟု ပြောသည်။

ဖမ်းစီးသွားသည့် လက်နက်ကိုင်အဖွဲ့အစည်းသည် ထိုကွန်ဆမ်းမွန်းအား ယာမ၊ဘိန်းတို့ပါလာသည့်အတွက် ဖမ်းစီးထားခြင်းဖြစ်ကြောင်း ကျေးရွာသားများအား ပြောခဲ့သည်။
အဖမ်းစီးခံရသူ ကွန်ဆမ်းမွန်းဆိုသူသည် တောင်ယာလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ဆန်ဝယ်ရန်အတွက် တောထဲတွင် မျှစ်ရှာပြီး သွားရောင်းချိန်တွင် အဖမ်းခံရခြင်းဖြစ်ပြီး ကွန်ဆမ်းမွန်းထံမှ ယာမ၊ဘိန်း ရှိသည်ဟု ပြောဆိုသည်မှာ စွတ်စွဲခြင်းသာ ဖြစ်ကြောင်း ရွာခံများက ဆိုသည်။

ထိုကဲ့သို့ ဖမ်းစီးမှုများကြောင့် ကျေးရွာသားအများစုသည် ကျေးရွာထဲတွင် မအိပ်ရဲကြဘဲ တောထဲတွင်သာ သွားအိပ်နေကြရသည်။

ထိုဒေသတစ်ဝိုက်တွင် RCSSလှုပ်ရှားရာ နယ်မြေတစ်ခုဖြစ်ပြီး ဖမ်းစီးသွားသည့် လက်နက်ကိုင်သည် မည်သည့်အဖွဲ့အစည်းဖြစ်သည်ကို ကျေးရွာအား တရားဝင်ပြောဆိုထားခြင်းမရှိပေ။

Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
အဖမ်းစီးခံရသည့် လွယ်ဆိုင်းကျေးရွာသားအား ကျပ် သိန်း၎ဝဖြင့် လာရွေးခိုင်း အဖမ်းစီးခံရသည့် လွယ်ဆိုင်းကျေးရွာသားအား ကျပ် သိန်း၎ဝဖြင့် လာရွေးခိုင်း Reviewed by THITHTOOLWIN on 21:43 Rating: 5
Powered by Blogger.