မိုးကောင်းမြို့နယ်၌ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်


မိုးကောင်း အောက်တိုဘာ ၂၈

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် သိုက်ဝါးကုန်းကျေးရွာ၌ အောက်တိုဘာ၂၈ရက် မွန်းလွဲ၁နာရီခန့်က နေအိမ်တွင်စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သိုက်ဝါးကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ တစ်ရွာတည်းနေ ဦးအောင်လွင်ရောက်လာ၍ ၎င်း၏နေအိမ်တွင် မြလင်း(၃၆)နှစ်နှင့် အောင်သန်းဌေး(၄၈)နှစ်တို့သည် နှစ်ဦးတည်းရှိနေစဉ် စကားများရန်ဖြစ်ခဲ့ကြောင်း ၎င်းနောက်အောင်သန်းဌေးသည် နေအိမ်အပေါ်ထပ် ဘုရားခန်းရှေ့တွင် အိပ်ပျော်နေစဉ် မြလင်းမှ အရိုး၊အသွား ၂၁ လက်မခန့်ရှိဓားဖြင့် လည်ပင်းအား တစ်ချက်ခုတ်ခဲ့သောကြောင့် နေရာတွင် သေဆုံးနေကြောင်းလာရောက် ပြောကြားခဲ့သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာရပ်မိရပ်ဖများသည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကြည့်ရှုကာ လူသတ်မှုကျူးလွန်ခဲ့သူ မြလင်းအား ပင်းဘောနယ်မြေရဲစခန်းသို့ သက်သေခံဓားနှင့်အတူ အပ်နှံခဲ့သည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ မြလင်းအား ပင်းဘောနယ်မြေရဲစခန်းတွင် (ပ)၂၄/၂၀၁၈၊အမှုကြီးအမှတ်စဉ်(၂/၂၀၁၈)၊ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/pg/mogaungnews.media
မိုးကောင်းမြို့နယ်၌ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ် မိုးကောင်းမြို့နယ်၌ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ် Reviewed by THITHTOOLWIN on 19:04 Rating: 5
Powered by Blogger.