ထိုင်း လူဝင်မှုအရာရှိတွေ အရေးယူခံရ

AP Photo/Sakchai Lalit

ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်က လူဝင်မှုကြီးကြပ်ရေးအရာရှိ လေးဦးကို တရုတ်ခရီးသည်တွေထဲက လာဘ်ငွေယူခဲ့မှုနဲ့ ရာထူးက ချထားလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ နှစ်စဉ် နိုင်ငံခြားခရီးသွား ၃၅ သန်း ၀န်းကျင်လာရောက်လည်ပတ်နေရာမှာ လေးပုံတပုံက တရုတ် ခရီးသည်တွေ ဖြစ်ပါတယ်။

ဒွန်မောင်းလေဆိပ်မှာ ထိုင်းကိုဝင်ဖို့ လူဝင်မှုဌာနမှာ တန်းစီနေသူတွေ များပြားလှတဲ့အတွက် တရုတ်ခရီးသည်တချို့က ဆိုက်ရောက်ဗီဇာအဖြစ်နဲ့ တန်းစီစရာမလိုဘဲ ၀င်ရောက်နိုင်ဖို့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေကို ငွေပေးပြီး ၀င်ရောက်ခဲ့ကြတာကို အသစ်ရောက်ရှိလာတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနအကြီးအကဲက လက်ပူးလက်ကြပ်ဖမ်းမိခဲ့တာဖြစ်ပါတယ်။

အရာရှိတဦးကို ထိုင်းဘတ်ငွေ သုံးရာစီပေးပြီး ၀င်ရောက်ခဲ့ကြတာပါ။

အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံက နိုင်ငံတ၀ှမ်းက လေဆိပ်တွေမှာ လူဝင်မှုကြီးကြပ်ရေးဌာနကို ဖြတ်သန်းဖို့အတွက် ၀န်ထမ်းတွေကို ငွေကြေးပေးစရာမလိုကြောင်း ရေသားထားတဲ့ ဆိုင်းဘုတ်ကြီးတွေ ကိုတွေ့ရှိရတယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
ထိုင်း လူဝင်မှုအရာရှိတွေ အရေးယူခံရ ထိုင်း လူဝင်မှုအရာရှိတွေ အရေးယူခံရ Reviewed by THITHTOOLWIN on 09:34 Rating: 5
Powered by Blogger.