တရုတ်ကို သတိပေးမယ့် အင်အားပြပွဲ ကန် စဉ်းစားနေ

Photo: Michael HOGAN / Navy Office of Information / AFP
စစ်အင်အားချဲ့နေတဲ့ တရုတ်နိုင်ငံကို သတိပေးတဲ့အနေနဲ့ ပစိဖိတ်သမုဒ္ဒရာဒေသမှာရှိတဲ့ အမေရိကန်ရေတပ် အင်အားကို ထင်ထင်ရှားရှား ထုတ်ဖေါ်ပြသမယ့် အစီအစဉ်တခုကို ရေတပ် အကြီးအကဲတွေက သက်ဆိုင်ရာ အာဏာပိုင်တွေထံ တင်ပြအဆိုပြုထားတယ်လို့ မနေ့က သတင်းရပါတယ်။

အဲဒီ အစီအစဉ်မှာ စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်ပျံတွေနဲ့ ရေတပ်ဖွဲ့ဝင်တွေ အကြီးအကျယ်ပါဝင်ပြီး စစ်ရေးလေ့ကျင့်ခန်းတွေကို တောင်တရုတ်ပင်လယ်နဲ့ တိုင်ဝမ်ရေလက်ကြားတဝိုက်ရှိ တရုတ်တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ နေရာတွေတဝိုက်မှာ လာမယ့် နိုဝင်္ဘာလအတွင်း ပြုလုပ်မှာ ဖြစ်ပါတယ်။ တပတ်အတွင်း လေ့ကျင့်ခန်းများစွာကို ပြုလုပ်ပြသမယ်လို့ ဆိုပါတယ်။ လေ့ကျင့်ပွဲရဲ့ အမည်ကို လတ်တလော မသိရသေးပါဘူး။

ဒါဟာ တရုတ်ပြည်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ပြုလုပ်တာ မဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုရဲ့ စစ်စွမ်းပကားကို သိသာထင်ရှားအောင် ပြသဖို့ပါပဲလို့ စစ်တပ်အရာရှိတွေက CNN ကိုပြောပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
တရုတ်ကို သတိပေးမယ့် အင်အားပြပွဲ ကန် စဉ်းစားနေ တရုတ်ကို သတိပေးမယ့် အင်အားပြပွဲ ကန် စဉ်းစားနေ Reviewed by THITHTOOLWIN on 10:41 Rating: 5
Powered by Blogger.