ကျွဲပျောက်သွားရှာမှ မိုင်းနင်းမိပေါက်ကွဲ၍ ဒဏ်ရာရ


မြစ်ကြီးနား အောက်တိုဘာ(၁၅)
မြစ်ကြီးနားမြို့နယ်၊ မံကင်းကျေးရွာအုပ်စု အရှေ့တောင်ဘက်(၆)မိုင်ခန့်အကွာ ဗူးတောင်း ချောင်းအထက်ဘက်တွင် မံကင်းကျေးရွာနေ ဦးကျောက်လုံး၊ အသက်(၃၇)နှစ် တောင်သူသည် ကျွဲ ပျောက်၍ အောက်တိုဘာ(၁၄)ရက် ညနေပိုင်းတွင် သွားရောက်ရှာဖွေရာမှ မိုင်းနင်းမိပေါက်ကွဲ၍ ဒဏ်ရာရှိခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့မှ ဆင်ဘိုမြို့ပြည်သူ့ဆေး ရုံသို့ ဆေးဝါးကုသမှုခံယူရန် သယ်ဆောင်ခဲ့ကြသည်။


အဆိုပါ မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဆေးစစ်ချက်အရ ဝမ်းဗိုက်ယမ်းစထိမှန်(၄)ချက်၊ ဝဲဘက်ခြေဖမိုး ပေါက်ပြဲ(၂)ချက်၊ ယာဘက်ခြေသလုံးပေါက်ပြဲဒဏ်ရာ (၁)ချက်ရရှိခဲ့ရာ အသက် အန္တရာယ် စိုးရိမ်ရခြင်း မရှိသော်လည်း ဆင်ဘိုပြည်သူ့ဆေးရုံမှ ယနေ့ညနေပိုင်းတွင် ဗန်းမော်ပြည်သူ့ ဆေးရုံကြီးသို့ လွှဲပြောင်း၍ ဆက်လက်ဆေးဝါးကုသမှုခံယူမည်ဖြစ်ကြောင်း သိရှိရသည်။

Kachin Iprd
https://www.facebook.com/shan.lay.3950
ကျွဲပျောက်သွားရှာမှ မိုင်းနင်းမိပေါက်ကွဲ၍ ဒဏ်ရာရ ကျွဲပျောက်သွားရှာမှ မိုင်းနင်းမိပေါက်ကွဲ၍ ဒဏ်ရာရ Reviewed by THITHTOOLWIN on 22:53 Rating: 5
Powered by Blogger.