မောတောင်မြို့တွင်တူမီးယမ်းထောင်းသေနတ်ကိုင်ပြီး သောင်းကျန်းနေသူအားဖမ်းဆီး


23.10.2018

တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် အောက်တိုဘာ ၂၂ ရက်နေ့က တူမီးယမ်းထောင်းသေနတ်ကိုင်ဆောင်ပြီး ရမ်းကားနေသူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်းသိရပါတယ်။

မောတောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊စိန်ပြာလမ်းတွင်နေထိုင်သူ မောင်လွင်(၃၅)နှစ်၊ဆိုသူသည် တူမီးယမ်းထောင်းသေနတ်ကိုင်ဆောင်ပြီး ရမ်းကားနေတာကြောင့်မောတောင်နယ်မြေစခန်းမှူးရဲအုပ်ဝင်းလှိုင်နှင့်အဖွဲ့မှ ဖမ်းဆီးလိုက်ကြောင်းသိရပါတယ်။

""မောင်လွင်က မနေ့ညကတည်းက ဘိန်းစာမှုန့်စားပီး သူ့မယားကို နှိပ်စက်တယ်။ သူ့မယားကို အိမ်အပြင်ပေးမထွက်ဘူး တစ်ညလုံး ရိုက်နှက်နေတယ်။ ညကမအိပ်ရတော့ ဒီနေ့မနက်ပိုင်းမှာ မောင်လွင်အိပ်ပျော်တဲ့အချိန် သူ့မယားကထွက်ပြေးတယ်။ ထွက်ပြေးမှန်း မောင်လွင်သိသွားတော့ အိမ်မှာရှိတဲ့တူမီးယမ်းထောင်းသေနတ်ကိုင်ပြီးမယားကိုရှာတဲ့အချိန် ပတ်ဝန်းကျင်က အကြောင်းကြားလာလို့ ကျွန်တော်တို့အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာပါ""လို့ မောတောင်နယ်မြေစခန်းမှူးရဲအုပ်ဝင်းလှိုင်ကပြောပါတယ်။

တူမီးယမ်းထောင်းတရားမဝင်ကိုင်ဆောင်သူ မောင်လွင်အား မောတောင်နယ်မြေရဲစခန်းမှ လက်နက်ဥပဒေပုဒ်မ ၁၉/(စ)ဖြင့် အရေးယူထားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/pg/Myat-Htut-Myeik-222869948053294
မောတောင်မြို့တွင်တူမီးယမ်းထောင်းသေနတ်ကိုင်ပြီး သောင်းကျန်းနေသူအားဖမ်းဆီး မောတောင်မြို့တွင်တူမီးယမ်းထောင်းသေနတ်ကိုင်ပြီး သောင်းကျန်းနေသူအားဖမ်းဆီး Reviewed by THITHTOOLWIN on 09:07 Rating: 5
Powered by Blogger.