ထိုင်းရောက် မြန်မာအဖွဲ့အစည်းများ သက်ဆိုင်ရာနိုင်ငံ ဥပဒေများကို လေးစားရန်နှင့် တရားဝင်မှတ်ပုံတင်ရန် သံရုံးသတိပေး


ထိုင်းနိုင်ငံရောက် အ လုပ်သမားများအရေး ဆောင်ရွက်ပေးနေသည့် မြန်မာအဖွဲ့အစည်း များအနေဖြင့် အလုပ်သမားအ ရေးဆောင်ရွက် ရာတွင် သက်ဆိုင် ရာနိုင်ငံ၏ သတ်မှတ်ဥပဒေများ ကို လေးစား လိုက်နာရန်နှင့် တရားဝင်မှတ်ပုံတင်ခွင့်ရရှိရေး ဆောင်ရွက် ရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ အလုပ်သမား သံအရာရှိရုံးက ယမန်နေ့တွင် ထုတ်ပြန်သည်။

အလုပ်သမားအရေးများ နှင့်ပတ်သက်၍ ဆောင်ရွက်ရာ တွင် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေ များကို လေးစားလိုက်နာရန် လိုအပ်သည့်အပြင် တရားဥပဒေ ဘောင်အတွင်းမှ ကျယ်ပြန့်စွာ တရားဝင် ကူညီဆောင်ရွက်နိုင် ရန် အချို့အသင်းအဖွဲ့များအ နေဖြင့် တရားဝင်မှတ်ပုံတင်ထား ရန် လိုအပ်ကြောင်းထုတ်ပြန်ချက် က ဖော်ပြသည်။

ထို့အပြင် အလုပ်သမားအ ရေးကို စေတနာမှန်ဖြင့် ပူးပေါင်း ဆောင်ရွက်လိုပါက မြန်မာသံရုံး နှင့် အလုပ်သမားသံအရာရှိရုံးတို့ မှ အမြဲကြိုဆိုကြောင်းလည်း ပါရှိ သည်။

ထိုင်းနိုင်ငံတွင် မြန်မာ နိုင်ငံအလုပ်သမားအရေးနှင့်ပတ် သက်၍ ကူညီဆောင်ရွက်နေ သည့် အဖွဲ့အစည်း ၁၉ ဖွဲ့ခန့်ရှိ ရာ မြန်မာ့အလုပ်သမားအရေး ဆောင်ရွက်နေသည့် မည်သည့်အ သင်း အဖွဲ့အစည်းကိုမဆို ၀န်ကြီး ဌာနအနေဖြင့်လည်းကောင်း၊ မြန်မာသံရုံး အနေဖြင့်လည်း ကောင်း အမြဲတမ်းကြိုဆိုလက်ခံ နေကြောင်း ထုတ်ပြန်ထားသည်။

‘‘ထိုင်းအခြေစိုက် မြန်မာအ ဖွဲ့အစည်းတွေအားလုံး တရားဝင် မှတ်ပုံတင်နိုင်ရင်တော့ ကောင်း ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ တော့ မဖြစ်နိုင်ပါဘူး။ သံရုံးက ပြောသလို သံရုံးနဲ့ ပေါင်းလုပ်နေ တဲ့ အဖွဲ့အစည်း ၁၉ ဖွဲ့ရှိတယ် လို့ ပြောပါတယ်။ အဲဒီ ၁၉ ဖွဲ့ထဲ မှာ ဘယ်နှဖွဲ့က ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတာလဲ ဆိုတာ မေးစရာ ဖြစ်လာပါတယ်’’ ဟု ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်း (FED) ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

မြန်မာအဖွဲ့အစည်းများအ နေဖြင့် ထိုင်းအစိုးရ၏ တည်ဆဲ ဥပဒေအောက်တွင် စနစ်တကျ မှန်မှန်ကန်ကန်ဆောင်ရွက်ရန်သာ လိုအပ်ပြီး မှတ်ပုံတင်ခြင်း မရှိပါက ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ FED အဖွဲ့သည် ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသည့် အဖွဲ့အ စည်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် AAC ဂေဟာအ ဆောက်အအုံသို့ ထိုင်းအာဏာ ပိုင်များက ၀င်ရောက်စစ်ဆေး သည့်ကိစ္စနှင့်ပတ်သက်၍ မြန်မာ သံရုံးအနေဖြင့်လည်းကောင်း၊ အ လုပ်သမားသံအရာရှိ ရုံးအနေဖြင့် လည်းကောင်း ထိုင်းအာဏာပိုင် များအား ၀င်ရောက်စစ်ဆေးရန် အမိန့်ပေးပိုင်ခွင့် မရှိသည့်အပြင် ၎င်းတို့လုပ်ငန်းစဉ်အရ စိစစ်စစ် ဆေးခြင်းများကိုလည်း တားမြစ် ပိတ်ပင်ခွင့်မရှိကြောင်း အလုပ် သမားသံအရာရှိရုံးက ထုတ်ပြန် သည်။

AAC ဂေဟာ တည်ထောင် သူ ကိုရဲမင်းကို ဗီဇာရက်ကျော် လွန်နေထိုင်မှုဖြင့် ထိုင်းလ၀က ဥပဒေပုဒ်မ ၁၃ အရ ဖမ်းဆီးခြင်း သာဖြစ်ကြောင်း ထုတ်ပြန်ချက် တွင်ပါရှိသည်။

‘‘ဗီဇာရက်ကျော်လို့ ဖမ်းဆီး တာလို့ သိရပါတယ်။ ဒါပေမဲ့ ပုံ မှန်အားဖြင့် သုံးရက်သာထားပြီး နေရပ်ကိုပြန်တာပေါ့။ အခုကိုရဲ မင်းက ထိုင်းမှာအမှုတွေရှိတဲ့အ တွက် အဲဒီအမှုတွေပြီးမှ ပြန်ပို့ မယ်လို့ သိရပါတယ်’’ ဟု ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးအလုပ်သမား သံအရာရှိ ဦးဆန်းမောင်ဦးက ပြောသည်။

လက်ရှိတွင် ထိုင်းအစိုးရ သည် အမျိုးသားလုံခြုံရေးစီမံ ချက်နှင့် နိုင်ငံခြားသားလုပ်သား များအား ဧည့်စာရင်းဥပဒေသစ် အကြောင်းပြပြီး စစ်ဆေးဖမ်းဆီး နေရာ မြန်မာအလုပ်သမားများ လည်း ထောင်နှင့်ချီ၍ ဖမ်းဆီးခံရ သည်။

Byငြိမ်းချမ်း -Friday, October 26, 2018
ဘားအံသတင်း
https://www.facebook.com/pg/Hpaannews.kayin
ထိုင်းရောက် မြန်မာအဖွဲ့အစည်းများ သက်ဆိုင်ရာနိုင်ငံ ဥပဒေများကို လေးစားရန်နှင့် တရားဝင်မှတ်ပုံတင်ရန် သံရုံးသတိပေး ထိုင်းရောက် မြန်မာအဖွဲ့အစည်းများ သက်ဆိုင်ရာနိုင်ငံ ဥပဒေများကို လေးစားရန်နှင့် တရားဝင်မှတ်ပုံတင်ရန် သံရုံးသတိပေး Reviewed by THITHTOOLWIN on 04:57 Rating: 5
Powered by Blogger.