ပျောက်ဆုံးသတင်းထောက်ပြန်တွေ့ရေး ဆော်ဒီသံရုံး တူရကီဝင်ရှာမည်

Istanbul မြို့မှာရှိတဲ့ ဆော်ဒီ ကောင်စစ်ဝန်ရုံး
ပျောက်ဆုံးနေတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံသား သတင်းထောက် Jamal Khashoggi အမှုနဲ့ ဆက်နွယ်ပြီး Istanbul မြို့မှာရှိတဲ့ ဆော်ဒီ ကောင်စစ်ဝန်ရုံးအတွင်း အာဏာပိုင်တွေအနေနဲ့ ၀င်ရောက်ရှာမှာ ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

သူတို့အနေနဲ့ ဒီကိစ္စမှာ ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောဆိုထားပေမယ့် ဘယ်အချိန်မှာ ၀င်ရောက် ရှာဖွေခွင့်ပြုမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးကြောင်း တူရကီ နိုင်ငံခြားရေးဌာနက ပြောပါတယ်။ သတင်းထောက် ပျောက်ဆုံးနေတဲ့ကိစ္စကို အပြင်းအထန် စုံစမ်း စစ်ဆေးနေကြောင်းလည်း တူရကီ အာဏာပိုင်တွေက ပြောပါတယ်။

လွန်ခဲ့တဲ့ သီတင်းတပတ်လောက်က Istanbul လေဆိပ်ကို ဆိုက်ရောက်လာတဲ့ ပုဂ္ဂလပိုင် လေယာဉ် ၂ စင်းပေါ်မှာ ဒီကိစ္စနဲ့ ဆက်နွယ် ပတ်သက်နေသူ ၁၅ ဦးကို တင်ဆောင်လာသလားဆိုတာနဲ့ သတင်းထောက် Khashoggi ကို ပြန်ပေးဆွဲပြီး အဲဒီ လေယာဉ်နဲ့ ခေါ်ဆောင်သွားသလား ဆိုတာတွေကို တူရကီရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေပါတယ်။

အဲဒီ လေယာဉ် ၂ စင်းဟာ Dubai နဲ့ အီဂျစ်တို့မှာ သီးခြားစီ ခရီးတထောက်နားပြီးတဲ့နောက် ဆော်ဒီအာရေးဗီးယားနိုင်ငံမြို့တော် Riyadh ကို ပျံသန်းသွားကြတယ်လို့ တူရကီအခြေစိုက် Sabah နေ့စဉ် သတင်းစာမှာ ဖော်ပြထားပါတယ်။ အဲဒီ ပုဂ္ဂလိက လေယာဉ်တွေဟာ ဆော်ဒီ အစိုးရနဲ့ ဆက်နွယ်မှုရှိတဲ့ ကုမ္ပဏီတွေက ပိုင်ဆိုင်တာလို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ပျောက်ဆုံးသတင်းထောက်ပြန်တွေ့ရေး ဆော်ဒီသံရုံး တူရကီဝင်ရှာမည် ပျောက်ဆုံးသတင်းထောက်ပြန်တွေ့ရေး ဆော်ဒီသံရုံး တူရကီဝင်ရှာမည် Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.