မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်အနီးတွင် ကျပ်သိန်း ၂ဝဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


နေပြည်တော်။ အောက်တိုဘာ ၁၁

အောက်တိုဘာလ ၁ဝ ရက်နေ့ ၁ဝ၃ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၇)တမူး(မိုးရေးလှုပ်ရှား အဖွဲ့)မှ တပ်ဖွဲ့ဝင်များသည် တမူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မူးယစ်ဆေးဝါးသယ်ဆောင်လာ ကြောင်းသတင်းရရှိသဖြင့် သက်သေများနှင့်အတူ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ဟိန္ဒူဘုရားကျောင်းပေါက်အနီးတွင် စောင့်ဆိုင်းနေစဉ် တမူးမြို့ဘက်မှ အိန္ဒိယနိုင်ငံ၊ မိုးရေးဘက်သို့ အောင်ဇော်မင်း(ခ)ဇော်ဟိန်း ၃၅ နှစ်မောင်းနှင်ပြီး သန်းအေး ၃၅ နှစ်လိုက်ပါလာသည့် ဆိုက်တွဲဆိုင်ကယ်အားရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ပေါ်တွင်တင်ဆောင်လာသည့် ပီနံအိတ်အတွင်း ကျား/ မစီး ရောင်စုံဖိနပ်များနှင့်ရောနှော၍သယ်ဆောင်လာသည့် WY ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၁ သိန်းပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂ဝဝဝ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတွေ့ရှိသိမ်းဆည်းရ မိခဲ့ပါသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ပူးပေါင်းအဖွဲ့သည် တမူးမြို့၊ မြို့မ(၁၂-က)ရပ်ကွက်နေ မဖြူ(ခ)မစန္ဒာ ၄၁ နှစ်ပိုင်ဆိုင် သည့်နေအိမ်ဂိုဒေါင်သို့သွားရောက်ရှာဖွေရာ မဖြူ(ခ)မစန္ဒာနှင့်အတူ မူးယစ်ဆေးဝါးရောင်းဝယ်သူ ထင်ခိုဟုန်း ၂၉ နှစ်နှင့် ထန်ဇငမ် ၂၈ နှစ်တို့အား တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ တမူးမြို့မရဲစခန်း မယ(ပ) ၇၆/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့်အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်းသတင်းရရှိပါသည်။

CCDAC Myanmar
https://www.facebook.com/CCDACMyanmar
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်အနီးတွင် ကျပ်သိန်း ၂ဝဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်အနီးတွင် ကျပ်သိန်း ၂ဝဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 12:54 Rating: 5
Powered by Blogger.