တရုတ်သမ္မတ လာမယ့်အချိန် စစ်ရေးလေ့ကျင့်ပွဲနဲ့ တိုက်ဆိုင်နေ

Photo: Etienne Oliveau / POOL / AFP
ဖိလစ်ပိုင်နိုင်ငံကို တရုတ်သမ္မတ ရှီကျင့်ပင် နိုဝင်ဘာလမှာ လာရောက်ချိန်မှာ အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်ချိန်နဲ့ တိုက်ဆိုင်နေမှာကို စိုးရိမ်တဲ့အကြောင်း တရုတ်နိုင်ငံက ပြောကြားတယ်လို့ ဖိလစ်ပိုင်တာဝန်ရှိသူတယောက်က မနေ့က ပြောကြားပါတယ်။

ဖိလစ်ပိုင်သမ္မတ Duterte နဲ့ တနင်္လာနေ့က တွေ့ဆုံချိန်မှာ တရုတ်သံအမတ်က ပြောကြားလိုက်တာဖြစ်ပြီး ဖိလစ်ပိုင်ဟာ စစ်ရေးလေ့ကျင့်ခန်းတွေမှာ ပါဝင်မှာမဟုတ်တဲ့အကြောင်း သမ္မတ ဒူတာတေးက ပြန်ပြောတယ်လို့ သမ္မတရုံး ပြောခွင့်ရသူက ပြောပါတယ်။

ဒါပေမဲ့ ဘယ်စစ်ရေးလေ့ကျင့်ခန်းကို တရုတ်နိုင်ငံက စိုးရိမ်တာလဲဆိုတာ ပြောခွင့်ရသူက ရှင်းမပြပါဘူး။ ဒေသတွင်း အမေရိကန်က စစ်ရေးလေ့ကျင့်မယ့်အချိန်နဲ့ တရုတ်သမ္မတ ဖိလစ်ပိုင်ရောက်လာမယ့်အချိန်က တချိန်တည်းဖြစ်နေတာမို့ စိုးရိမ်တာလို့ တရုတ်သံအမတ်က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

တောင်တရုတ်ပင်လယ်ရေပိုင်နိမိတ် အငြင်းပွားမှုနဲ့ နှစ်နိုင်ငံကြား ပျက်ပြားခဲ့ရတဲ့ ဆက်ဆံရေးပြန်ကောင်းမွန်ဖို့ ၂၀၁၆ မှာ သမ္မတတာဝန်ယူချိန်မှာ Duterte က ဆောင်ရွက်နေပါတယ်။

ဒီအတောအတွင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Nikki Haley ရာထူးကနုတ်ထွက်တဲ့အကြောင်း အမေရိကန် CNN Fox News New Yorks Times စတဲ့ မီဒီယာတွေက မနေ့က ဖော်ပြပေမဲ့ နုတ်ထွက်ရတဲ့အကြောင်းရင်းကို မဖော်ပြပါဘူး၊
ဒါဟာ သမ္မတ Donald Trump ရဲ့ နိုင်ငံတော်လုံခြုံရေးအဖွဲ့ဝင်တဦး နောက်ဆုံးနုတ်ထွက်တာဖြစ်ပြီး မနက် ၁၀ နာရီခွဲမှာ သမ္မတနဲ့ သံအမတ်တို့ အိမ်ဖြူတော်မှာ တွေ့ဆုံမယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ အမျိုးသမီး Sarah Sanders က ပြောပါတယ်။

Nikki Haley ဟာ ရိုဟင်ဂျာကိစ္စမှာ လူမျိုးစုရှင်းလင်းမှုမှာ ပါဝင်ပတ်သက်မှုနဲ့ မြန်မာတပ်မ နှစ်ခုက တာဝန်ရှိသူနဲ့ နယ်ခြားစောင့်တပ်တိုင်းမှူး ၅ ဦးကို အမေရိကန်
ဘဏ္ဍာရေးဌာနက အရေးယူခဲ့ပါတယ်လို့ ကုလသမဂ္ဂမှာ သြဂုတ်လ ၂၈ က ပြောကြားပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
တရုတ်သမ္မတ လာမယ့်အချိန် စစ်ရေးလေ့ကျင့်ပွဲနဲ့ တိုက်ဆိုင်နေ တရုတ်သမ္မတ လာမယ့်အချိန် စစ်ရေးလေ့ကျင့်ပွဲနဲ့ တိုက်ဆိုင်နေ Reviewed by THITHTOOLWIN on 09:32 Rating: 5
Powered by Blogger.