တာချီလိတ်၌ တရားမဝင်လက်နက်ကိုင်ဆောင်သူများ နှစ်ဦးကို ပိတ်ဆို့ရှာဖွေစဉ်ဖမ်းမိ


တာချီလိတ် အောက်တိုဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားမဝင် လက်ကိုင်ဆောင်သူ နှစ်ဦးကို ပိတ်ဆို့ရှာဖွေရေးဆောင်ရွက်နေစဉ် အောက်တိုဘာ ၆ ရက်ညပိုင်းက ဖမ်းဆီးရမိရသည်။

အောက်တိုဘာ ၆ ရက်ည ၁၁ နာရီ ၂ဝ မိနစ်ခန့်တွင် ဟောင်လိတ် ရဲကင်းစခန်းမှ ရဲအုပ် ချမ်းမြေ့အောင် ဦးစီးအဖွဲ့၊ ခရိုင်မှုခင်းနှိမ်နင်း ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဇော်ဇော်၊ မူးယစ်တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ ဒုရဲအုပ် မြတ်ကြည်သာနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီ လိတ်မြို့၊ ဟောင်လိတ်လမ်းဆုံမီးပွိုင့်တွင် ပိတ်ဆို့ရှာဖွေရေး ဆောင်ရွက်နေစဉ် ဆေးခမ်းရပ်ကွက်ဘက်မှ တာချီလိတ်မြို့တွင်း ဘက်သို့ အိုက်ဝန်းလီး မောင်းနှင်လာသည့်Mark-X အမျိုး အစား ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်၏ ဘယ်ဘက်အခြမ်းတွင် လိုက်ပါလာသူ အိုက်သန်း၏ ခါးကြားအတွင်းမှ သြစတြေးလျနိုင်ငံထုတ် Glock အမျိုး ကျည်အိမ်တပ်လျှက် ပစ္စတိုသေနတ် တစ်လက်၊ ၄င်းကျည် ၇ တောင့်တို့အား တွေ့ရှိသဖြင့် ၄င်းတို့ နှစ်ဦး စီးနင်းလာသည့် ကားနှင့်အတူ သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

အမှုမှ တရားမဝင်လက်နက်ကိုင်ဆောင်သူ အိုက်သန်း (၄၅ နှစ်)နှင့် အိုက်ဝန်းလီး (၁၈ နှစ်)၊ မိုင်းဖုန်း(က)၊ ဝမ်ပုံကျေးရွာ၊တာချီလိတ် မြို့နယ် နေသူ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းကအမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တာချီလိတ်၌ တရားမဝင်လက်နက်ကိုင်ဆောင်သူများ နှစ်ဦးကို ပိတ်ဆို့ရှာဖွေစဉ်ဖမ်းမိ တာချီလိတ်၌ တရားမဝင်လက်နက်ကိုင်ဆောင်သူများ နှစ်ဦးကို ပိတ်ဆို့ရှာဖွေစဉ်ဖမ်းမိ Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.