နေရပ်စွန့်ခွာသူတွေအတွက် အသင့်နေအိမ်တွေ တရုတ် လှူဒါန်း

ရခိုင်ပြည်နယ်မြောက်ပိုင်းက နေရပ်စွန့်ခွာထွက်ပြေးသူတွေအတွက် အသင့်နေထိုင်နိုင်တဲ့ နေအိမ်အလုံးတစ်ထောင်ကို တရုတ်အစိုးရ က မြန်မာအစိုးရကို ပေးအပ်လှူဒါန်းတဲ့ အခမ်းအနားကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်
ရခိုင်ပြည်နယ်မြောက်ပိုင်းက နေရပ်စွန့်ခွာထွက်ပြေးသူတွေအတွက် အသင့်နေထိုင်နိုင်တဲ့ နေအိမ်အလုံးတစ်ထောင် ကို တရုတ်အစိုးရက မနေ့က မြန်မာအစိုးရကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်းမှာ မနေ့က ကျင်းပတဲ့ အခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဟုန်လျန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး စီးပွားရေး သံမှူး ရှဲ့ကော်ရှန် (Xie Guoxiang) တွေ တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ အခက်အခဲရှိချိန်မှာ စာနာနားလည်မှု အပြည့်အ၀ထားရှိပြီး နိုင်ငံရေးအရထောက်ခံမှု ခိုင်ခိုင်မာမာပေးသလို မြေပြင်လိုအပ်မှုတွေကို ထောက်ပံ့ကူညီတဲ့အပေါ် အထူးကျေးဇူးတင်ကြောင်းနဲ့ (၂၁) ရာစု စိန်ခေါ်မှုတွေမှာ နိုင်ငံတကာ အခြေအနေ ဘယ်လိုပင်ပြောင်းလဲစေကာမူ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ပြီး မပြောင်းမလဲအမြဲတည်တံ့ တိုးတက်မြင့်မားနေမှာဖြစ်ကြောင်း အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

အဲဒီအသင့်နေအိမ်တွေကို မောင်တောဒေသကို တစ်လအတွင်း ပို့ဆောင်တပ်ဆင် ပေးသွားမယ်လို့လည်း သိရပါတယ်။

အဲဒီရွေ့လျားနေအိမ်ဟာ တစ်လုံးကို မြန်မာကျပ်ငွေ ၁၅၉ သိန်းရှိပြီး အလုံးတစ်ထောင်အတွက် ကျပ် ၁၅ ဘီလီယံကျော် တန်ဖိုးရှိတယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org
နေရပ်စွန့်ခွာသူတွေအတွက် အသင့်နေအိမ်တွေ တရုတ် လှူဒါန်း နေရပ်စွန့်ခွာသူတွေအတွက် အသင့်နေအိမ်တွေ တရုတ် လှူဒါန်း Reviewed by THITHTOOLWIN on 19:04 Rating: 5
Powered by Blogger.