ရေနစ်နေသည့် မျောက်အား ဆင်းကယ်ကြရာမှ မြန်မာနိုင်ငံသားတဦး ရေနစ်သေဆုံး


အောက်တိုဘာလ ၃ ရက်နေ့ ညက ထိုင်းတောင်ပိုင်း ပူးခက် ပြည်နယ် ကော့ကဲဝို ကျွန်း
ရေကနထဲ ပြုတ်ကျနေတဲ့ မျောက်တကောင်ကို မြင်တွေ့ ရတဲ့ မြန်မာနိုင်ငံသားသုံးဦးဟာ
ရေကူးပြီး ကယ်တင်ခဲ့ကြရာက မျောက်ကိုကယ်နိုင်ခဲ့ပေမယ့် ဆင်းကယ်ကြသူတွေထဲက
ဆက်ပိုင်စိုး အသက်(၁၈)နှစ်ဟာ ၁၀မီတာခန့် နစ်တဲ့ ရေကန်ထဲမှာ ရေကူးရင်းအားကုန်ပြီး
ခုလို ရေနစ်သေဆုံးခဲ့ရတာပါ။


သေဆုံးသူကို ထိုင်းကယ်ဆယ်ရေး ၀န်ထမ်းတွေ (၃) နာရီကြာ ရှာဖွေခဲ့ရပါတယ်။ သေဆုံးသူအလောင်းကို သီရိဒုံ ဆေးရုံကိုပို့ ဆောင်ပြီး စစ်ဆေးခဲ့ပြှီး ဒီနေ့ မနက်မှာ မိသားစုကို အလောင်ပြန်လွဲပြောင်းပေးခဲ့ပါတယ်။

အလောင်းကို ဖခင်ဖြစ်သူ ဦးမင်းဦးနဲ့  မိသားစုက လက်ခံခဲ့ပြီး ရိုးရာအစဉ်လာအတိုင်း
အသုဘ ပြုလုပ်သွားမယ်လို့  သိရပါတယ်။

Social Action for Children and Women - SAW
ရေနစ်နေသည့် မျောက်အား ဆင်းကယ်ကြရာမှ မြန်မာနိုင်ငံသားတဦး ရေနစ်သေဆုံး ရေနစ်နေသည့် မျောက်အား ဆင်းကယ်ကြရာမှ မြန်မာနိုင်ငံသားတဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 12:34 Rating: 5
Powered by Blogger.