မကာအို နိုင်ငံကူးလက်မှတ်ရှိသူတွေ မြန်မာပြည် ဗီဇာကြိုယူဖို့မလို

(တရုတ်နိုင်ငံရဲ့ Speical Addministration Region (SAR) နိုင်ငံကူးလက်မှတ်ကို တွေ့ရစဉ်)
တရုတ်နိုင်ငံရဲ့ အထူးအုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ မကာအို SAR နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ မြန်မာနိုင်ငံဝင်ရောက်ဖို့ ဗီဇာကင်းလွတ်ခွင့်ရရှိထားတယ်လို့ မကာအို SAR မှတ်ပုံတင်ဌာနက မနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ ထိုင်း-မြန်မာ နယ်စပ်ကုန်းတွင်း စစ်ဆေးရေးဂိတ်တွေနဲ့ မြန်မာ-အိန္ဒိယ ကုန်းတွင်းစစ်ဆေးရေး ဂိတ်တွေကနေတဆင့် မကာအို SAR နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ ကြိုတင်ဗီဇာယူဖို့မလိုဘဲ မြန်မာနိုင်ငံကို ၀င်ရောက်နိုင်ပြီး ရက် ၃၀ ထိ နေထိုင်ခွင့်ရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

တစ်နှစ် စမ်းသပ်ကာလအဖြစ် ဒီနှစ် အောက်တိုဘာ ၁ ရက်က စတင်အကျုံးဝင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နဲ့ မကာအိုနိုင်ငံသားတွေဟာ မြန်မာနိုင်ငံဝင်ခွင့်အတွက် ဗီဇာကင်းလွတ်ခွင့်ရထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မကာအို နိုင်ငံကူးလက်မှတ်ရှိသူတွေ မြန်မာပြည် ဗီဇာကြိုယူဖို့မလို မကာအို နိုင်ငံကူးလက်မှတ်ရှိသူတွေ မြန်မာပြည် ဗီဇာကြိုယူဖို့မလို Reviewed by THITHTOOLWIN on 11:34 Rating: 5
Powered by Blogger.