၁၅နှစ်အရွယ် သမီးကို သားမယားအဖြစ်ပြုကျင့်သည့် ပထွေးအား မိခင်က ရဲစခန်းတွင် အမှုဖွင့်


မြဝတီ အောက်တိုဘာ ၈

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပထွေးဖြစ်သူက နှစ်နဲ့ချီ၍ အကြိမ်ပေါင်းများစွာ သားမယားအဖြစ်ပြုကျင့်ခဲ့မှုကို အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၆ နာရီ ၅ မိနစ်အချိန်က မြဝတီမြို့မရဲစခန်းတွင် မိခင်ဖြစ်သူက တရားလိုပြုလုပ်၍ လာရောက်အမှုဖွင့်တိုင်တန်းခဲ့မှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သည်ဟု အစွပ်စွဲခံရသူအား မြဝတီမြို့မရဲစခန်းက အချိန်နှင့်တပြေးညီ ထိန်းသိမ်းနိုင်ခဲ့ပြီး အမှုဖြင့်ဖမ်းဆီးကာ ဆက်လက် စစ်ဆေး လျှက်ရှိကြောင်းသိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၇ ရက်နေ့ ညနေပိုင်းက မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက် ပြည်သာယာ ၄ လမ်းနေ မယို(ဂ်)မာယာ၊ ၄၁နှစ်က ယခင်အိမ်ထောင်ဖြင့်ရရှိခဲ့သည့် သမီးဖြစ်သူ (၁၅-နှစ်) အရွယ် မ----(မွေးသက္ကရာဇ် ၁၈-၃-၂၀၀၄)ကို ၂၀၁၆ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှ စတင်ကာ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၉ ရက်ရက်နေ့အထိ နှစ်နဲ့ချီ၍ အကြိမ် ပေါင်းများစွာ သားမယားအဖြစ်ပြုကျင့်ခဲ့သည့် နောက်အိမ်ထောင်ဖြစ်သူ ဆန်တီး(ခ)ပီတာ (၄၄-နှစ်)ကို အမှုဖွင့်အရေးယူပေးရန် လာရောက် တိုင်တန်းခဲ့မှုဖြစ်ပြီး တိုင်ကြားချက်တွင် လွန်ခဲ့သော ၂၀၁၆ခုနှစ် ဇွန်လ ၁၄ ရက်နေ့ကစတင်၍ တရားလိုဖြစ်သူ မယို(ဂ်)မာယာသည် စီးပွားရေးအဆင်မပြေ၍ တစ်ဘက်နိုင်ငံသို့ အိမ်ဖော်အဖြစ်သွားရောက်အလုပ်လုပ်ကိုင်စဉ် နေအိမ်တွင် ခင်ပွန်းဖြစ်သူ ဆန်တီး(ခ)ပီတာနှင့် ၎င်းနှင့်ရသည့် သမီးဖြစ်သူ မသဲစုအောင်၊ ယခင်အိမ်ထောင်နှင့်ရရှိသည့် သမီးဖြစ်သူ မ----၁၅နှစ်တို့ အတူကျန်ရစ်ကာ ၂၀၁၈ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ တစ်ဘက်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရာက ကျန်းမာရေးအခြေအနေကြောင့် နေအိမ်သို့ ပြန်လာ၍ နောက်တစ်ရက်တွင် မိဘများနေထိုင်ရာ ကချင်ပြည်နယ် မြစ်ကြီးနားသို့ သမီး နှစ်ဦးနှင့်အတူ သွားရောက်ကာ ဂေါ်ရခါးရိုးရာပွဲတွင် လည်ပတ်နေစဉ် ခင်ပွန်းဖြစ်သူက နေအိမ်သို့ ပြန်လာရန်ဖုန်းဆက်အ ကြောင်းကြားသဖြင့် နေအိမ်သို့ပြန်ရန်စီစဉ်ခဲ့ရာ ယခင်အိမ်ထောင်နှင့်ရရှိခဲ့ သော သမီးဖြစ်သူ မ----က မြစ်ကြီးနားရှိ အဘိုးဖြစ်သူတို့နှင့်သာ နေထိုင်ရန်ပြောကြားနေသဖြင့် အကျိုးအကြောင်း မေးမြန်းရာ မိခင်ဖြစ်သူ တစ်ဘက်နိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားပြီး ၂ ရက်မြောက်သည့် ၂၀၁၆ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်၌ ပထွေးဖြစ်သူက မ----အား အိပ်ခန်းအတွင်းသို့ ဆွဲခေါ်ရာ မလိုက်သဖြင့် လက်သီးဖြင့်ထိုး တံမျက်စည်းရိုးဝါးဖြင့်ရိုက်ကာ အတင်းဆွဲခေါ်ပြီး သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ နောက်ရက်များတွင်လည်း သားမယားအဖြစ်ဆက်လက်ပြုကျင့်ခဲ့ကြောင်း ငြင်းဆန်ပါက လက်သီး ဖြင့်ထိုးခြင်း လည်ပင်းညစ်ခြင်းတို့ပြုလုပ်ကြောင်း တစ်လခန့်အကြာတွင် ပထွေးဖြစ်သူက အမျိုးသမီး ဓမ္မတာ လာ/မလာ မေးရာ မလာကြောင်းပြောသဖြင့် ပထွေးဖြစ်သူက ၎င်းအား ကေသီပန်ဆေးနှင့် အရက်ရောကာ အတင်းတိုက်ခဲ့ကြောင်း သမီးဖြစ်သူထံမှ မေးမြန်းသိရှိရသဖြင့် လာရောက်တိုင်တန်းခဲ့ကြောင်းဖော်ပြထား
သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မယို(ဂ်) မာယာမှ အရွယ်မရောက်သေးသည့် သမီးဖြစ်သူမ----အား ၂၀၁၆ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ ည ၁၀ နာရီအချိန်ခန့် မှစတင်ကာ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ အထိအကြိမ်ပေါင်းများစွာ သားမယားအဖြစ်ပြုကျင့်ခဲ့သည့် ခင်ပွန်းဖြစ်သူ ဆန်တီး (ခ)ပီတာကို အရေးယူပေးရန် တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မြဝတီမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုရေးဖွင့်ပြီး စွပ်စွဲခံရသူဆန်တီး (ခ)ပီတာအား အမှုဖြင့်ဖမ်းဆီးကာ ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

မင်းသူ(ဘားအံ)
ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin/
၁၅နှစ်အရွယ် သမီးကို သားမယားအဖြစ်ပြုကျင့်သည့် ပထွေးအား မိခင်က ရဲစခန်းတွင် အမှုဖွင့် ၁၅နှစ်အရွယ် သမီးကို သားမယားအဖြစ်ပြုကျင့်သည့် ပထွေးအား မိခင်က ရဲစခန်းတွင် အမှုဖွင့် Reviewed by THITHTOOLWIN on 09:46 Rating: 5
Powered by Blogger.