စူပါစပေါ့ နံမည်ကြီး မူးယစ်ဂိုဏ်းဝင်များအား ဖမ်းဆီးနိုင်ခဲ့


ထိုင်း၊ အောက်တိုဘာ ၁၁

မြန်မာ-ထိုင်းနယ်စပ် ဒေသကနေ သယ်ယူလာကြတဲ့ စိတ်ကြွဆေမျိုးစုံးကို ဖြန့် ဖြူးရောင်းချနေသည့် မူးယစ်ဂိုဏ်းကို စမုပရကမ်နှင့် မြို့ နယ်အချို့ မှာ စိတ်ကြွဆေးပြား သိန်းနှင့်ချီ ဖမ်းဆီးရမိကြောင်း ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးဌာနချုပ်က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို အဓိက တရားခံ ထိုင်းနိုင်ငံသား စူပါစပေါ့ဂိုဏ်းဝင်များနှင့် အတူ ဖမ်း ဆီးရမိတယ်လို့ ဆိုပါတယ်၊ စူပါစပေါ့ မူးယစ်ဂိုဏ်ဝင်တွေနှင့်အတူ စိတ်ကြွရူးသွပ် ဆေးပြား ၅၀၄၀၀၀ ပြား၊ ရေခဲ (အိုင့်စ်) ၁၁ကီလိုနှင့် ဆေးချောက် ၄၅၈ ကီလိုတို့ကို ၄င်းတို့ ကျက်စားရာ စမုပရကမ်နှင့်မြို့နယ်အချို့မှာ ရှာဖွေသိမ်းဆည်းခဲ့ပြီး စိတ် ကြွဆေး
ပြားများ ရောင်းရန် သွားရောက်စဉ် တရားခံများကိုပိတ်ဆို့  ဖမ်းဆီးနိုင်ခဲ့ တယ်လို့ မူးယစ်နိမ်နင်းရေး ရဲဗိုလ်ချုပ် Chalermkiat Srivoran က ထုတ်ဖေါ်ပြောဆိုသွားခဲ့ပါသည် ။

၎င်းတို့သည် မူးယစ်ဆေးများကို အဖိုးတန်ဇိမ်ခံပြိုင်ကားတွေ (Sport -porsche) ကိုသုံးပြီး မြန်မာ-ထိုင်းနယ်စပ် ကီလို 100 ကွာရှိ ချင်ရိုင်ခရိုင် မြို့နယ်တွေ့မှာ ဖြန့်ရောင်းချနေကြောင်းနှင့် ရဲတပ်ဖွဲ့များနှင့်လည်း မကြာခဏတွေ့စဉ် ရဲတွေ လိုက်မမှီနိုင် အောင် လမ်းကြောင်းကြည့် အမြန်နှုန်းမြှင့်မောင်း ပြီး ရဲတွေကို ရှောင်နေတတ်ကြောင်း၊ ရဲများနှင့် ထိပ်တိုက်တိုးပြီး ဖမ်းဆီးရ မိတာတွေလည်း ရှိခဲ့ကြောင်း၊ တရားခံတွေကို ဖမ်းဆီးနိုင်ရန် ရက်ပေါင်းများစွာ အချိန်ယူ ကင်းပုန်းစောင့်ကြည့်နေခဲ့ရကြောင်း၊ စိတ်ကြွဆေးများအပြင် ၄င်းတို့ပိုင်ဆိုင်သည့်ပိုင်တဲ့ တန်ဘိုးကြီး ကားများ၊ အိမ်များနှင့် ဘဏ်စာအုပ် ၁၅ အုပ် ပိုင်ဆိုင်မှုတန်ဘိုး ဘတ်ငွေ ၇၅ သန်းကို နိုင်ငံတော်ဘဏ္ဏာအဖြစ် သိမ်းလိုက်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရပါသည် ။

မောင်မောင်(တာချီလိတ်)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
စူပါစပေါ့ နံမည်ကြီး မူးယစ်ဂိုဏ်းဝင်များအား ဖမ်းဆီးနိုင်ခဲ့ စူပါစပေါ့ နံမည်ကြီး မူးယစ်ဂိုဏ်းဝင်များအား ဖမ်းဆီးနိုင်ခဲ့ Reviewed by THITHTOOLWIN on 10:05 Rating: 5
Powered by Blogger.