စကားများရန်ဖြစ်၍ ခင်ပွန်းမှ ဇနီးဖြစ်သူအား ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား


မုနိမြီ ၊ အောက်တိုဘာ ၂၇

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ နယ်မြေ(၁၁) အောင်ဆိပ်ကျေးရွာနေ၌ ခင်ပွန်း မှ ဇနီးဖြစ်သူအား ကားများရန်ဖြစ်၍ ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

"၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန် ရသေ့တောင်မြို့နယ်၊ နယ်မြေ(၁၁) အောင်ဆိပ်ကျေးရွာနေ မသန်းဝေ အသက်(၂၇)နှစ်တွင် နေအိမ်၌ ခင်ပွန်းဖြစ်သူ တိုးအောင်(ခ)ခင်မောင်သန်း အသက်(၃၈)နှစ် နှင့် စကားများရန်ဖြစ်စဉ် တိုးအောင်(ခ) ခင်မောင်သန်းမှ ဓားဖြင့်ခုတ်ခဲ့ရာ မသန်းဝေ တွင် ဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့သောကြောင်း"စုံစမ်း သိရှိရပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ တရားခံ တိုးအောင်(ခ) ခင်မောင်သန်း အား စေတီပြင်နယ်မြေရဲစခန်းမှ (ပ)၅၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း စုံစမ်းသိရှိရပါသည်။

သုတ(မုနိမြီ)
Munimary News Agency
https://www.facebook.com/munimarynews/
စကားများရန်ဖြစ်၍ ခင်ပွန်းမှ ဇနီးဖြစ်သူအား ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား စကားများရန်ဖြစ်၍ ခင်ပွန်းမှ ဇနီးဖြစ်သူအား ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.