အီးယူစေလွှတ်မယ့် အဖွဲ့နှစ်ဖွဲ့ မြန်မာနိုင်ငံ လာမည်

ဥရောပသမဂ္ဂအလံကို တွေ့ရစဉ်
ဥရောပသမဂ္ဂ အီးယူက စေလွှတ်မယ့် အဖွဲ့နှစ်ဖွဲ့ဟာ မြန်မာနိုင်ငံကို ဒီလကုန်မှာ လာရောက်ပြီး အစိုးရဌာန ဆိုင်ရာတွေ၊ အထည်ချုပ်လုပ်ငန်းရှင်တွေ၊ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့နှစ်ဖွဲ့ဟာ အီးယူက မြန်မာနိုင်ငံအပေါ် ပေးအပ်ထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး ရုပ်သိမ်းဖို့ မသိမ်းဖို့ ကိစ္စနဲ့ ပတ်သက်ပြီး လေ့လာဖို့ လာရောက်တာဖြစ်ပါတယ်။

အီးယူရဲ့ နိုင်ငံတကာရေးရာအဖွဲ့နဲ့ ကုန်သွယ်ရေးရာအဖွဲ့တို့ဟာ အောက်တိုဘာလ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM အပါအ၀င် စိုက်ပျိုးရေး ၊ စက်မှုကုန်ထုတ်လုပ်ငန်းတွေနဲ့ ဆိုင်တဲ့ အဖွဲ့အစည်း ၄ ဖွဲ့နဲ့ တွေ့ဆုံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့မှာတော့  စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စတဲ့ အစိုးရတာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံသွားမှာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ