မြိတ်တွင် ခိုးမှုကျူးလွန်သူအား ရပ်ကွက်မှဖမ်းဆီးအပ်နှံပေမယ့် နယ်မြေရဲကင်းမှ ထွက်ပြေးလွတ်မြောက်နေ


31.10.2018

မြိတ်တွင် ခိုးမှုကျူးလွန်သူအား အုပ်ချုပ်ရေးမှူးအဖွဲ့နှင့်ပြည်သူပူးပေါင်းဖမ်းဆီးပြီး အမှတ်(၁)နယ်မြေရဲကင်းသို့အပ်နှံပေးလိုက်ပေမယ့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရပါတယ်။

အောက်တိုဘာ ၃၁ ရက်၊နံနက် ၂ နာရီခန့်က တက္ကသိုလ်ရပ်ကွက်တွင်းမှ အဝေးသင်အမျိုးသမီးဘော်ဒါဆောင်အတွင်းမှာ အမည်မသိအမျိုးသားတစ်ဦးဖောက်ထွင်းဝင်ရောက်ကြောင်း ရပ်ကွက်ရာအိမ်မှူးအားအကြောင်းကြားသဖြင့် ရာအိမ်မှူးနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်တွင် အန္တရာယ်ပြုနိုင်သည့် လက်နက်ရှိ/မရှိ စစ်ဆေးရာ ၎င်း၏ခန္ဓာကိုယ်ပေါ်မှ အမျိုးသမီးဝတ် အတွင်းခံဘောင်းဘီ ၃၂ ထည် တွေ့ရှိကြောင်းသိရပါတယ်။


ခိုးမှုကျူးလွန်သူနှင့်၎င်းစီးလာသည့်ဆိုင်ကယ်အား အုပ်ချုပ်ရေးမှူးအဖွဲ့မှ အမှတ် ၁ နယ်မြေရဲကင်းမှူးထံအပ်နှံပေးခဲ့ပေမယ့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ရာအိမ်မှူးကပြောပါတယ်။

"မနက် ၂ နာရီလောက်မှာ သူခိုးဝင်တယ်ဆိုပီးအကြောင်းကြားလို့ ပိတ်ဆို့ဖမ်းလိုက်တယ်။ခန္ဓာကိုယ်မှာ အန္တရာယ်ပြုနိုင်မယ့်ပစ္စည်း ရှိ/မရှိ စစ်ဆေးတော့ အမျိုးသမီးအတွင်းခံဘောင်းဘီတွေ အထပ်လိုက်ဝတ်ထားတယ်။ ဒါကြောင့် အမှတ် ၁ နယ်မြေရဲကင်းမှူးဆီခေါ်ပြီး သူစီးလာတဲ့ ဆိုင်ကယ် ၊ မောင်းလိုင်စင် နဲ့ ဆိုင်ကယ်သော့ ကို ရဲကင်းမှူးရဲ့လက်ထဲ အပ်ပေးခဲ့ပါတယ်။ မနက်လင်းတဲ့အချိန်မှာ ရဲကင်မှူးက ကျွန်တော်ဆီဖုန်းဆက်တယ် ။ခိုးမှုကျူးလွန်တဲ့တရားခံက ဆိုင်ကယ်ယူပြီးထွက်ပြေးသွားတယ်လို့ပြောတယ်""လို့ တက္ကသိုလ်ရပ်ကွက် ရာအိမ်မှူးဦးဝင်းဟန်ကပြောပါတယ်။

ထွက်ပြေးလွှတ်မြောက်နေသည့် တရားခံအား နယ်မြေရဲတပ်ဖွဲ့မှ လိုက်လံရှာဖွေနေကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/pg/Myat-Htut-Myeik-222869948053294
မြိတ်တွင် ခိုးမှုကျူးလွန်သူအား ရပ်ကွက်မှဖမ်းဆီးအပ်နှံပေမယ့် နယ်မြေရဲကင်းမှ ထွက်ပြေးလွတ်မြောက်နေ မြိတ်တွင် ခိုးမှုကျူးလွန်သူအား ရပ်ကွက်မှဖမ်းဆီးအပ်နှံပေမယ့် နယ်မြေရဲကင်းမှ ထွက်ပြေးလွတ်မြောက်နေ Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.