ဘင်္ဂလာဒေ့ရှ် ပတ်စ်ပို့လိမ်လည်လျှောက်သူ အသက် (၂၀) အရွယ်အမျိုးသမီး ကူတူပလောင် ဒုက္ခသည်စခန်းသို့ ပြန်ပို့ခံရ


နိရဉ္စရာ၊ အောက်တိုဘာ ၁၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂါဇီပူရ်တွင် ဘင်္ဂလာဒေ့ရှ် ပတ်စ်ပို့ လိမ်လည်လျှောက်သူ အသက် (၂၀) အရွယ်အမျိုးသမီးတစ်ဦးကို မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများအား ထားရှိသည့် ကူတူပါလောင် ဒုက္ခသည် စခန်းသို့ ပြန်ပို့လိုက်ကြောင်း Teknafnews တွင် သတင်းဖော်ပြသည်။

၎င်းအမျိုးသမီးမှာ ဖာရီယာ(ခ) မီ (၂၀) နှစ်ဆိုသည့် အမျိုးသမီးဖြစ်ပြီး ပွဲစားများနှင့် အတူ အောက်တိုဘာ ၁၄ ရက်နေ့က လာရောက်လျှောက်ထားခြင်း ဖြစ်ကြောင်း၊ စကားမပီသဖြင့် စစ်ဆေးမေးမြန်းရာမှ ဖော်ထုတ်နိုင်ခဲ့သဖြင့် အိုကီးယားရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ ထိုမှ တစ်ဆင့် ကူတူပါလောင် ဒုက္ခသည် စခန်းသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

သူမ၏ ဖခင်မှာ မောင်ဇူရှိတ်၊ မိခင်မှာ ပါပင်ဘေဂွန်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Narinjara
https://www.facebook.com/Narinjara-151742128171206/
ဘင်္ဂလာဒေ့ရှ် ပတ်စ်ပို့လိမ်လည်လျှောက်သူ အသက် (၂၀) အရွယ်အမျိုးသမီး ကူတူပလောင် ဒုက္ခသည်စခန်းသို့ ပြန်ပို့ခံရ ဘင်္ဂလာဒေ့ရှ် ပတ်စ်ပို့လိမ်လည်လျှောက်သူ အသက် (၂၀) အရွယ်အမျိုးသမီး ကူတူပလောင် ဒုက္ခသည်စခန်းသို့ ပြန်ပို့ခံရ Reviewed by THITHTOOLWIN on 09:24 Rating: 5
Powered by Blogger.