ပေါက်တောတွင် ရဲတပ်သားတစ်ဦး မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ခတ်သေဆုံး


နိရဉ္စရာ၊ အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ် ပေါက်တောမြို့ မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ယနေ့နံနက် ၈ နာရီခန့်က မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်သေဆုံးသွားကြောင်း သတင်းရရှိသည်။

“ကိုယ့်ဟာကိုယ် ပစ်ခတ်သေဆုံးသွားတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်က ခရီးလွန်နေတော့ အသေးစိတ်ကိုတော့ ပြောပြလို့ မရနိုင်ပါဘူး”ဟု ပေါက်တောမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

ကိုယ့်ဟာကိုယ် ပစ်ခတ်သေဆုံးသွားသူမှာ ရဲတပ်သား အောင်မြင့်သိန်း အသက် (၂၀) ကျော်ခန့် ဖြစ်ကြောင်း သိရသည်။

“ရဲစခန်းထဲ အရင်တုန်းက အချုပ်ခန်းပေါ့၊ နှစ်ထပ်ဆောင်၊ အဲ့ဒီမှာ လူပျိုဆောင် ရှိတယ်။ အပေါ်ထပ်မှာ လူပျိုတွေနေကြတယ်။ အဲ့ဒီမှာ ဖြစ်တာလို့ ပြောတယ်”ဟု အဆိုပါ ရဲအရာရှိကဆိုသည်။

သေဆုံးသွားသည့် ရဲတပ်သားကို ဆေးရုံသို့ပို့ပြီး ရင်ခွဲစမ်းသပ်မှုပြုလုပ်ခဲ့ပြီး၊ ယင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဟု သိရသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/pg/Narinjara-151742128171206
ပေါက်တောတွင် ရဲတပ်သားတစ်ဦး မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ခတ်သေဆုံး ပေါက်တောတွင် ရဲတပ်သားတစ်ဦး မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ခတ်သေဆုံး Reviewed by THITHTOOLWIN on 12:39 Rating: 5
Powered by Blogger.