တရုတ်ပြည်အစား တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ဖို့ ကန်ကြိုးစား


 ကုန်သွယ်ရေးကဏ္ဍမှာ တရုတ်ပြည်က တဖက်သတ် မမျှမတ ဆက်ဆံနေတာကို အရေးယူ ဖြေရှင်းမှုတခုအဖြစ် တခြား စီးပွားရေးအရ အရေးပါတဲ့ နိုင်ငံတွေနဲ့ ကုန်သွယ်မှုတိုးမြင့်ဖို့ အမေရိကန်အစိုးရက ကြိုးစားနေတယ်လို့ အိမ်ဖြူတော်က သတင်းရပါတယ်။

နိုင်ငံတော် စီးပွားရေးကောင်စီ ညွန်ကြားရေးမှူး Larry Kudlow လယ်ရီ ကဒ်လိုး က တရုတ်ပြည်ကို ရင်ဆိုင်ဖို့အတွက် ကုန်သွယ်ရေးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့တခု ဖွဲ့စည်းဖို့ မိမိတို့ ဆောင်ရွက်နေပါတယ်။ ဥရောပသမဂ္ဂနဲ့ရော ဂျပန်နိုင်ငံနဲ့ပါ ဆွေးနွေးပွဲတွေ ပြုလုပ်နေတယ်လို့ ဝါရှင်တန် စီးပွားရေးအသင်းမှာ ကြာသပတေးနေ့ မနေ့က ထုတ်ဖေါ်ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အိမ်ဖြူတော် စီးပွားရေးအကြံပေးအရာရှိဖြစ်တဲ့ လယ်ရီက တရုတ် သမ္မတ ရှီကျင်းပင်နဲ့ သမ္မတ ထရမ့်တို့ နိုဝင်္ဘာလအတွင်း အာဂျင်တီးနားမှာ ပြုလုပ်မယ့် ကမ္ဘာ့နိုင်ငံ ၂ဝ ထိပ်သီးဆွေးနွေးပွဲကျင်းပစဉ် ကုန်သွယ်ရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေးဖွယ်ရှိကြောင်းနဲ့ မိမိတို့ဘက်က လမ်းဖွင့်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန် စိုက်ပျိုးရေးဝန်ကြီး Sonny Perdue ဆန်နီ ပါဒူးကလည်း တရုတ်ပြည်အပေါ် မိမိတို့ နိုင်ငံက ကုန်သွယ်ရေးအရ သိပ်ပြီး မှီခိုနေတာဟာ မှားယွင်းမှုတခု ဖြစ်နိုင်တယ်လို့ မနေ့က ပြောကြားရင်း တခြားနိုင်ငံတွေနဲ့ ကုန်သွယ်မှုတိုးချဲ့ဖို့ မိမိတို့ ကြိုးစားရှာဖွေနေကြောင်း ကုန်သွယ်ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲတခုမှာ မနေ့က ထုတ်ဖေါ်ပြောဆိုပါတယ်။ ကုန်သွယ်ဖို့အတွက် ဥရောပ၊ အိန္ဒိယနဲ့ တခြားကမ္ဘာ့နိုင်ငံတွေ အများကြီးရှိပါသေးတယ်လို့လည်း သူကပြောပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
တရုတ်ပြည်အစား တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ဖို့ ကန်ကြိုးစား တရုတ်ပြည်အစား တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ဖို့ ကန်ကြိုးစား Reviewed by THITHTOOLWIN on 10:39 Rating: 5
Powered by Blogger.