အရာတော်မြို့နယ်တွင်တရားမဝင်သယ်ဆောင်လာသောနွားများ ဖမ်းဆီးရမိ


အရာတော် အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုငအရာတော်မြို့နယ် အမှတ်(၃) နယ်မြေအောင်ကွက်သစ်ရပ်ကွက်တွင် အောက်တိုဘာ ၈ ရက် နံနက် ၄ နာရီ ၁ဝ မိနစ်ခန့်တွင် တရားမဝင်ခိုင်းနွား ကိုးကောင် အားမော်တော်ယာဉ်နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာအရာတော်မြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ အသိ သက်သေများသည် အရာတော်- မြင်းမူသွားမော်တော်ကားလမ်း မိုင်တိုင်အမှတ် (၂၇/၂)နှင့် (၂၇/၃)အကြားတွင် စောင့်ကြပ် စစ်ဆေးစဉ် မြင်းမူမြို့ဘက်မှ အရာတော်မြို့ဘက်သို့ ယာဉ်မောင်း သိုင်းကိုကို (ရတနာကျေးရွာ၊ တန့်ဆည်မြို့နယ်) မောင်းနှင် လာသောForlandအမျိုးအစားယာဉ်အမှတ် (MDY 9M/ --------) မော်တော်ယာဉ်ပေါ်တွင် မိုးကာအုပ်လျှက် ကာလတန်ဖိုးငွေကျပ် ၃၆ သိန်းခန့်တန်ဖိုးရှိအရွယ်မျိုးစုံခိုင်းနွား(၉)ကောင်အားစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သယ်ဆောင်ခွင့်အထောက်အထား တစ်စုံတစ်ရာပါရှိခြင်းမရှိသဖြင့် ယာဉ်မောင်းသိုင်းကိုကို (ရတနာ ကျေးရွာ၊ တန့်ဆည်မြို့နယ်)နှင့် ယာဉ်နောက်လိုက် အောင်ကျော်ဦး (ရတနာကျေးရွာ၊တန့်ဆည်မြို့နယ်)တို့နှစ်ဦးအားအရာတော်မြို့မရဲစခန်းမှအမှုဖွင့် အရေးယူနိုင်ရေးလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အရာတော်မြို့နယ်တွင်တရားမဝင်သယ်ဆောင်လာသောနွားများ ဖမ်းဆီးရမိ အရာတော်မြို့နယ်တွင်တရားမဝင်သယ်ဆောင်လာသောနွားများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:37 Rating: 5
Powered by Blogger.