ဦးခေါင်းနောက်စေ့အား သစ်သားတုတ်ဖြင့် ရိုက်ပြီးထွက်ပြေးသွားသူများအား မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိ


မန္တလေး၊ အောက်တိုဘာ ၂၈

၂၆-၁၀-၂၀၁၈ ရက်နေ့ နံနက် ၂ နာရီအချိန် မစောမြတ်စံ၊ ပန်းပဲတန်းရပ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ အမရပူရမြို့နယ်နေသူသည်နေအိမ်၌အိပ်ပျော်နေစဉ် မောင်ဖြစ်သူ တင်မောင်လွင် (ခ)တင်မောင်ထွန်း ၃၈ နှစ်သည် ဦးခေါင်းနောက်စေ့ဒဏ် ရာရရှိ၍ ပတ္တီးစည်းလျက်ရောက်ရှိလာ၍ မေးမြန်းခဲ့ရာ ၂၅-၁၀-၂၀၁၈ ရက်နေ့ ည ၁၁ နာရီချိန်ခန့် မန္တလေးတောင်ခြေ ခြင်္သေ့ကြီး နှစ်ကောင်ကြားရှိ လှေခါးထစ်ပေါ်၌ထိုင်နေစဉ် အမည်မသိလူတစ်ဦးမှ ညီမ၏ လက်ထဲတွင် ကိုင်ထားသော မီးရှူးဗျောက်အိုး အားဆွဲယူစဉ် ဗျောက်မဖောက်ရသေးကြောင်း၊ မပေးနိုင်ကြောင်းပြော လိုက်၍ အဆိုပါလူမှာပြန်သွားပြီး ခဏအကြာ အဆိုပါလူမှ လူငယ် ၂ ဦးခေါ်ဆောင်လာပြီး ငါ့ကိုစိန်ခေါ် တာဒီကောင်တွေဘဲဟုပြောပြီး တင်မောင်လွင်အား ၎င်းတို့၌ပါလာသော သစ်သားတုတ်နှင့် ရိုက်ပြီးထွက်ပြေးသွား၍ တင်မောင်လွင်၏ ဦးခေါင်း နောက်စေ့ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ၂၆-၁၀-၂၀၁၈ ရက်နေ့ ည ၈ နာရီအချိန် သေဆုံးသွားသဖြင့် အမှတ်(၂)နယ်မြေရဲစခန်း (ပ) ၄၀၇/၂၀၁၈ ရာဇသတ် ကြီးပုဒ်မ ၃၀၂ အရအမှုဖွင့်ခဲ့သည်။

အမှုမှတရားခံများအား ဖမ်းဆီးရမိရေးအတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့များဖွဲ့စည်း၍ စုံစမ်းဆောင်ရွက်ခဲ့ရာ အခင်းဖြစ်ပတ်ဝန်းကျင်မှပြောပြချက် အရကျူးလွန်သူများမှာ ထက်လွင်ဦး (ခ)ဘိုထက် ၁၉ နှစ်၊ လွန်ကောင်းရွာ၊ မတ္တရာမြို့နယ်နေသူပါ ၃ ဦးဖြစ်ကြောင်းသိရှိရသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ည ၁၁ နာရီ ၄၅ အချိန် ထက်လွင်ဦးအား မတ္တရာမြို့နယ်၊ တောင်ပြုံးရွာနေ ၎င်း၏ယောက္ခမဖြစ်သူ၏နေအိမ်၌ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ ထက်လွင်ဦး၏ထွက်ဆိုချက်အရ ၎င်းနှင့်အတူကျူးလွန်သူများအား ဆက်လက်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီခွဲအချိန်တွင် အမှုမှ တရားခံ ဖိုးကြွေ(ခ)ကြွေမောင်မောင် ၁၇ နှစ်၊ လွန်တောင်းကျေးရွာ၊ မတ္တရာမြို့နယ်နှင့် ၀ဏ္ဏ ၁၈ နှစ်၊ လွန်တောင်းကျေးရွာ၊ မတ္တရာမြို့နယ်နေသူတို့အား ၎င်းတို့၏နေအိမ်များမှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

Mandalay Police
https://www.facebook.com/mandalaypolice
ဦးခေါင်းနောက်စေ့အား သစ်သားတုတ်ဖြင့် ရိုက်ပြီးထွက်ပြေးသွားသူများအား မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိ ဦးခေါင်းနောက်စေ့အား သစ်သားတုတ်ဖြင့် ရိုက်ပြီးထွက်ပြေးသွားသူများအား မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:51 Rating: 5
Powered by Blogger.