ရွှေ့ပြောင်း ဒုက္ခသည်ကုန်တင်ကားများ အား တားဆီးရန် တောင်ပိုင်းနယ်စပ်တွင် အမေရိကန်တပ်သား ၅,၂၀၀ ဖြန့်ကျက်မည်

အမေရိကန်တပ်ဖွဲ့ဝင်တစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
 ဝါရှင်တန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းသွားလာသူများအုပ်စုလိုက်များပြားစွာ တရားမဝင် ဝင်ရောက်လာမှုကို တားဆီးရန်အတွက် ယခုရက်သတ္တပတ်တွင် အမေရိကန်-မက္ကဆီကို နယ်စပ်သို့ တပ်ဖွဲ့ဝင် ၅,၂၀၀ ကို ပင်တဂွန်စစ်ဌာနချုပ်မှ ဖြန့်ကျက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၉ ရက်က ကြေညာခဲ့သည်။

ယခုရက်သတ္တပတ် မကုန်မီ အနောက်တောင်ဘက်ရှိ နယ်စပ်သို့ စစ်သား ၅,၂၀၀ ကျော် ဖြန့်ကျက်ချသွားမည်ဖြစ်ကြောင်း မြောက်ပိုင်း အမေရိကန်လေကြောင်းအာကာသကာကွယ်ရေးစစ်တိုင်း တပ်မှူး လေတပ်ဗိုလ်ချုပ် Terrence O’Shaughnessy က အောက်တိုဘာ ၂၉ ရက် နေ့လည်ပိုင်း သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

ဗိုလ်ချုပ်က အမေရိကန်တပ်သား ၈၀၀ ခန့်သည် နယ်စပ်ကာကွယ်ရေးပိုမိုတောင့်တင်းစေရန် တက္ကဆက်ပြည်နယ်သို့ သွားရောက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အုပ်ချုပ်ရေးတာဝန်ရှိသူများက နယ်စပ်သို့ တပ်သား ၁,၀၀၀ အထိစေလွှတ်မည့် အစီအစဉ်တစ်ခုကို စဉ်းစားနေကြောင်း ပြောကြားနေစဉ် ယင်းဖြန့်ကျက်မှုသည် ယခင်ရက်သတ္တပတ်က ခန့်မှန်းမှုများထက် အနည်းငယ်ပိုများနေကြောင်းသိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ရွှေ့ပြောင်း ဒုက္ခသည်ကုန်တင်ကားများ အား တားဆီးရန် တောင်ပိုင်းနယ်စပ်တွင် အမေရိကန်တပ်သား ၅,၂၀၀ ဖြန့်ကျက်မည် ရွှေ့ပြောင်း ဒုက္ခသည်ကုန်တင်ကားများ အား တားဆီးရန် တောင်ပိုင်းနယ်စပ်တွင် အမေရိကန်တပ်သား ၅,၂၀၀ ဖြန့်ကျက်မည် Reviewed by THITHTOOLWIN on 18:44 Rating: 5
Powered by Blogger.