ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်မဆိုဖို့ မစ်ခ်ျ မက်ကောနဲလ် က ကန် လွှတ်တော်ကို ပြောကြား

အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell ကို တွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချဲ့ကားပြီး အပြစ်ဆိုနေကြတဲ့အထဲ အမေရိကန် လွှတ်တော် ၀င်မပါသင့်ဘူးလို့ အထက်လွှတ်တော်အမတ် လူများစုခေါင်းဆောင် မစ်ခ်ျ မက်ကောနဲ က ပြောလိုက်ပါတယ်။

ရိုက်တာသတင်းဌာနက တွေ့ဆုံမေးမြန်းရာမှာ ပြောဆိုခဲ့တာပါ။

အရပ်ဘက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံအတွက် အကောင်းဆုံး မျှော်လင့်ချက်အဖြစ် ဆက်လက်တည်ရှိနေတာကြောင့် လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ပြဿနာနဲ့ပတ်သက်ပြီး နိုင်ငံ တကာက ပုံကြီးချဲ့ပြောဆိုနေကြတဲ့အထဲ ၀င်မပါသင့်ဘူးလို့ မစ်ခ်ျ မက်ကောနဲ က ပြောပါတယ်။

ဆက်လက်ပြောဆိုရာမှာ မြန်မာပြဿနာအပေါ် ချဲ့ထွင်ပြောဆိုနေကြတာ ဘာအကျိုးမှမရှိပါဘူး၊ အဲဒီထဲ ၀င်ပါဖို့လည်း စိတ်မကူးပါဘူး၊ ဒီပြဿနာထဲဝင်ရောက် သပ်လျှိုတာတွေဟာ စစ်မှန်တဲ့ မြန်မာ့ဒီမိုကရေစီ ရှေ့ရေးအတွက် မူဝါဒကောင်း မဟုတ်ပါဘူးလို့လည်း ဆိုပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦး အကျဉ်းချခံခဲ့ရတာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် တခွန်းတပါဒ မပြောဆို ခဲ့တာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ အခု မဖြေပါရစေနဲ့ဦးလို့ မစ်ခ်ျ မက်ကောနဲ က ပြောဆိုပါတယ်။ ဒါပေမဲ့ အမေရိကန်လွှတ်တော်အနေနဲ့ မြန်မာအပေါ် အရေးယူတာတွေက ပြဿနာဖြေရှင်းရေးအတွက် ဘာမှအထောက် အကူပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

RFA Burmese
https://www.rfa.org
ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်မဆိုဖို့ မစ်ခ်ျ မက်ကောနဲလ် က ကန် လွှတ်တော်ကို ပြောကြား ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်မဆိုဖို့ မစ်ခ်ျ မက်ကောနဲလ် က ကန် လွှတ်တော်ကို ပြောကြား Reviewed by THITHTOOLWIN on 16:56 Rating: 5
Powered by Blogger.